Skip to Content

Hand Stripping of Goldfish/ ရွှေငါး မျိုးပွားရန် လက်ဖြင့် ဥနှင့် သုတ်ထုတ်ယူခြင်းနည်းလမ်း

July 21, 2026 by
Kyaw Zaw Hein

Hand Stripping ဆိုသည်မှာ မျိုးပွားရန် အဆင်သင့်ဖြစ်နေသော အမငါး၏ ဝမ်းဗိုက်ကို နူးညံ့စွာ ဖိ၍ ဥ (Eggs) များ ထုတ်ယူခြင်းနှင့် အထီးငါးထံမှ သုတ်ရည် (Milt) ထုတ်ယူပြီး အတုမျိုးဖောက်ခြင်း (Artificial Fertilization) ပြုလုပ်သည့် နည်းလမ်းကို ဆိုလိုပါသည်။



Hand Stripping of Goldfish

ရွှေငါး လက်ဖြင့် မျိုးဖောက်ခြင်းနည်း

အရွယ်ရောက်တဲ့ Goldfish အထီးနှင့် အမကို သီးသန့်ခွဲထားပြီး

ရေတီ၊ Daphnia စသည့် Protein ကြွယ်ဝသော အစာများ ကျွေးထားပါ။

အမငါး၏ ဝမ်းဗိုက်သည် ပျော့လာပြီး အသာညှစ်ပါက ဥထွက်လာရပါမည်။

အထီးငါးကို အသာညှစ်ပါက အဖြူရောင် Sperm (သုတ်ရည်) လေးများ ထွက်လာပါမည်။

ထိုအခြေအနေသည် ညှစ်ဖောက်ရန် Ready ဖြစ်ပါသည်။

မျိုးဖောက်ရန် ပြင်ဆင်ခြင်း

၂၄ နာရီ သိပ်ထားပြီး Oxygen ပြည့်ဝသော ဖောက်ကန်ထဲသို့ ညနေပိုင်းလောက်တွင် လွှတ်ပေးပါ။

နောက်နေ့ မနက် ၄ နာရီခန့် တွင် အထီးအမ လိုက်နေပြီဆိုလျှင် စတင်နိုင်ပါသည်။

မနက်စောစော အပူချိန် မမြင့်ခင် ညှစ်ပါ။

ဖြစ်နိုင်လျှင် လူနာများ Drip ချိတ်ရာတွင် အသုံးပြုသော

0.9% Normal Saline Solution

ဆားရည်ပါသော ဇလုံထဲတွင် အထီးအမကို ဖင်ချင်းတေ့ပြီး ရေထဲမှာပင် ညှစ်ပါ။

ဥနှင့် Sperm စုဆောင်းခြင်း

အထီးတစ်ကောင်ထက်ပိုသော Sperm ကိုလည်း ညှစ်ယူနိုင်ပါသည်။

ငါးဥများ ဇလုံထဲတွင် စုပုံမနေစေရန် ငါးများကို ရွှေ့ပေးပါ။

ဥများများရှိလျှင် ဇလုံအသစ်တွင် ထပ်မံညှစ်ပါ။

ဥကုန်အောင် အားအလွန်အကျွံသုံး၍ မညှစ်ရပါ။

၁၀ မိနစ်ခန့်ထားပြီး ရေကို အသာငှဲ့၍ လဲပါ။

၃ ကြိမ်ခန့် ရေလဲပေးပါ။

ဥဖောက်ရန် ပြုစုခြင်း

ရေထဲတွင် Methylene Blue ကို အပြာနုရောင်လေး ဖြစ်ရုံ ထည့်ပါ။

Air Stone ဖြင့် လေ အမြဲပေးထားပါ။

အကောင်မပေါက်မီအထိ ညသိပ်ရေကို နေ့တိုင်း တစ်ဝက်ခန့် လဲပေးပါ။

ဥထဲ မဝင်ဘဲ သေသွားသော Sperm များကြောင့် ရေညစ်ပတ်နိုင်ပါသည်။

ငါးဥနှင့် Sperm အလုပ်လုပ်ပုံ


ငါးမဥတွင် Valve (အပိတ်အဖွင့်စနစ်) ရှိပါသည်။

ရေနှင့် ထိတွေ့သည်နှင့် စက္ကန့် ၃၀ မှ ၁ မိနစ်အတွင်း ပိတ်သွားပါသည်။

မပိတ်မီ Sperm မဝင်နိုင်ပါက သားမအောင်တော့ပါ။

အထီး၏ Sperm သည် ရေနှင့် ထိပြီး ၂ မိနစ်ခန့်အတွင်း သေဆုံးနိုင်ပါသည်။

Normal Saline Solution ထဲတွင်ဆိုလျှင် ငါးမဥ၏ Valve ပိုကြာကြာ ဖွင့်နေပြီး Sperm လှုပ်ရှားမှုလည်း ပိုကောင်းသဖြင့် အောင်မြင်သောဥ ပိုများနိုင်ပါသည်။

Dry Spawning Method

အခြားနည်းတစ်မျိုးမှာ Dry Spawning ဖြစ်ပါသည်။

ရေမပါသော ခွက်ထဲတွင် -

  • ငါးထီး Sperm သီးသန့်ညှစ်ယူခြင်း

  • ငါးမဥ သီးသန့်ညှစ်ယူခြင်း

ပြုလုပ်ပြီး ရေမထည့်ဘဲ နှစ်မျိုးကို ရောပါသည်။

ထို့နောက် ကြက်တောင်မွှေးဖြင့် မွှေပါသည်။

ရေမထိသဖြင့် -

  • ဥ၏ Valve မပိတ်သေးပါ။

  • Sperm မသေသေးပါ။

ပြီးမှ

Normal Saline Solution

(9 gm NaCl / 1 Litre Water)

ကို ရောထည့်ပါ။

ထိုအချိန်တွင် Sperm သည် ဥအတွင်း ဝင်ရောက်ပါသည်။

ထို့နောက် ဖောက်ကန်ထဲသို့ ထည့်ပါသည်။

အောင်နှုန်း 90% ခန့် ရနိုင်ပါသည်။

စားငါးများကိုလည်း ထိုနည်းအတိုင်း ဖောက်လေ့ရှိပြီး Hormone ဆေး ကြိုထိုးလေ့ရှိပါသည်။

Foot Note

မိတ်လိုက်ဖောက်မည့်ပုံစံဖြင့် ပထမနေ့ညနေတွင် ပြင်ဆင်ထားပြီး

မနက်စောစော ၄ နာရီခန့် မိတ်လိုက်နေချိန်တွင် ယူ၍ ညှစ်ဖောက်ပါက

အထီးအမ ကိုင်တွယ်ရတာ ပိုနူးညံ့လွယ်ကူပါသည်။

လေးလေးကတော့ ထိုနည်းဖြင့် ဖောက်ပါသည်။

ဒီတိုင်းဖောက်လည်း ရပါသည်။

သို့သော် မိတ်လိုက်ပြီးမှ ဖောက်ခြင်းသည် အချိန်အမှန်ဆုံး ဖြစ်ပါသည်။

Hand Stripping Koi

Japan တွင် Koi ညှစ်ဖောက်ရာတွင်လည်း

မိတ်လိုက်ခိုင်းပြီး မနက်စောစော ညှစ်ဖောက်ကြပါသည်။

Dry Method ကို အသုံးပြုကြပြီး အကောင်သောင်းချီ ပေါက်နိုင်ပါသည်။

Hormone ဆေး မသုံးကြပါ။

ထူးခြားသည်မှာ Japan လူမျိုးများသည် လပြည့်ညများတွင် မျိုးဖောက်လေ့ရှိပါသည်။

လပြည့်၏ ဆွဲအားသည် မိတ်လိုက်ခြင်းကို အားပေးသည်ဟု ယူဆကြပါသည်။


Credit- BABA SOE HTUT TIN 

Video Guide

Where innovation meets performance