Skip to Content

Top View Ranchu အကြောင်း

July 21, 2026 by
Kyaw Zaw Hein


100% Water Change Every 24 Hours!

1957 ခုနှစ် အတွေ့အကြုံ

၇ နှစ်သားအရွယ်က သံဈေးရှိ တရုတ်လူမျိုး ငါးရောင်းသူများ၏ ရေလဲနည်းကို တွေ့ခဲ့ရပါသည်။

ငါးများတွင် အနာတရ လုံးဝမဖြစ်ပါ။

ထိုအချိန်က -

  • မနက်တစ်ကြိမ်

  • ညနေတစ်ကြိမ်

100% ရေလဲပေးကြပါသည်။

မြူနီစီပယ်ရေသည်လည်း အလွန်သန့်ရှင်းခဲ့ပါသည်။

24 နာရီတစ်ကြိမ် ရေပြောင်းခြင်း

၂၄ နာရီတစ်ကြိမ် ရေကို 100% နီးပါး ထုတ်လဲပါသည်။

Video တွင်လည်း ထိုအကြောင်းကို ရှင်းပြထားပါသည်။

ရေဖြည့်ခြင်းနည်း

၂၄ နာရီ သိပ်ထားပြီး Foam Filter ၂ လုံး ဖြင့် ပြင်ဆင်ထားသော ရေသစ်ကို အသုံးပြုပါ။

ရေကို ငါးကန်၏ တစ်ဖက်အောက်ခြေမှ ပြန်သွင်းပါ။

ထိုအခါ ရေဝဲ (Water Flow) ဖြစ်ပေါ်လာပြီး ငါးများ မစင်စွန့်သောအခါ မစင်များသည် အလယ်တွင် စုလာပါမည်။

ထို့နောက် ပိုက်အသေးတစ်ချောင်းဖြင့် မစင်များကို စုပ်ထုတ်ပစ်ပါ။

ထိုနည်းဖြင့် ငါးများ အလွန်လန်းဆန်းလာသည်ကို တွေ့ရပါမည်။

အစာကျွေးခြင်း

Probiotic ပါဝင်သော Saki Hikari အစာ မျိုးကို ကျွေးပါက

  • မစင်သည် လုံးကျစ်လာမည်။

  • ရေထဲတွင် လွယ်လွယ်ကူကူ မပျော်ဝင်သော မစင်များသာ ထွက်လာမည်။

လေထောက်ပံ့မှု
  • 2 Way Air Pump မှ Airstone

  • Twin Aquarium Fan (Source: Ko Myat Min)

တို့ကို ကန်အရွယ်အစားနှင့် လိုက်ဖက်အောင် တပ်ဆင်ပါ။

ကျန်းမာလှပသော ငါးအလှကို ရှုမြင်နိုင်ပါမည်။

Credit- BABA SOE HTUT TIN 
Start writing here...