Roughly one Goldfish needs at least 20 gallons of water with aeration.
အားလုံးဖတ်မယ်ဆိုမှ ဆက်ဖတ်ပါရန်။
Goldfish အစားကြီး၊ ချေးများ၊ Oxygen ပြတ်မရပါ။
Filter မသုံးပါနဲ့။
Airstone များများထည့်ပါ။
လေးထောင့်ကျကျ၊ မျက်နှာပြင်ကျယ်ကျယ်၊ ရေအမြင့် 8 inches (အများဆုံး) ထားပါ။
ညသိပ်ရေကို တစ်နေ့ 30% အနည်းဆုံး လဲပါ။
အစာကို ၁၅ မိနစ် လောက်အတွင်း ကုန်မယ့်ပမာဏသာ ကျွေးပါ။
ပူးတွဲပါ ကန် : ငါးကောင်ရေ အတိုင်း မွေးပါ။
ရောဂါကင်း၍ ကျန်းမာရေးကောင်းပါမည်။
AC/DC Pump ဆောင်ထားပါ။
ငါးကန်ကပ်သည့်ဆရာများအတွက်
၄ ပေ × ၂ ပေ × အမြင့် ၁ ပေ
သို့မဟုတ်
၄ ပေ × ၄ ပေ × အမြင့် ၁ ပေ ကန်များသည် Fancy Goldfish ထည့်ရန် သင့်လျော်ပါကြောင်း သိစေအပ်ပါသည်။
ငါးကူးရန် နေရာကျယ်ပြီး တစ်ပေအောက် ရေအမြင့် သည် Goldfish ၏ Body နှင့် အမြီးဆက်စပ်သည့် Peduncle ကို ပိုမိုတောင့်တင်း၍ လှပစေပါသည်။
၎င်းမှာ Japanese Breeders များ၏ လက်တွေ့မွေးမြူနည်း ဖြစ်ပါသည်။
စာကြွင်း
ကျောက်ဂွမ်းအဖြူ Prefilter ကို မဖြစ်မနေ တပ်လိုပါက မနက်တိုင်း ပြောင်အောင်ဆေးပြီး ညသိပ်ရေ 50% လဲကြပါ။
Sponge Filter သုံးပါကလည်း မနက်တိုင်း ဆေးပါ။
Filter ထဲရှိ အညစ်အကြေးများကို Goldfish မခံနိုင်ပါ။
လေးလေးက Japan Trainee ပါ။
Partner ကလည်း Japan ဖြစ်ပြီး ငါးကလည်း Japan ငါးမို့ Japan Style Goldfish Keeping ကို ဦးစားပေး ပြောပါသည်။
၎င်းသည် Europe Style နှင့် မတူပါ။
Thailand ရှိ Goldfish Pond များတွင် ရေကို လျှံထွက်စေပြီး Airstone သာ အသုံးပြုထားကြပါသည်။
Credit: Uncle Soe Htut Tin