Skip to Content

Goldfish Water Quantity/ Goldfish Beginner

ရွှေငါးမွေးရန် လိုအပ်သော ရေပမာဏ ရွှေငါးမွေးမြူခြင်း အခြေခံလမ်းညွှန်
July 21, 2026 by
Kyaw Zaw Hein

အဆုံးထိဖတ်နိုင်မှ ပညာရပါမည်!

ကန်နဲ့ငါး မမျှလို့ကတော့ Filter တပ်တပ် ငါးရောဂါရနေမှာပါ။

စဉ်းစားလုပ်ကြပါ။ ဆေးကုလို့ မမီတာများသည်၊ ရမ်းကုများ အတိုင်းအဆမရှိ အထင်ကြီးစေလို၍ ကုနည်းမှာတွေ ပြောနေကြသည်။

Heater ထောက်ခိုင်းသူက ရှိသေး!

Goldfish စမွေးမည့်သူများ ကို စေတနာနဲ့ ပြောပြမယ်။

ပထမ ငါးကန်စဝယ်ရင် Budget အရ ကန်အကျယ်ဆုံး၊ Filter၊ Air Pump၊ အစာအကောင်းဆုံး ရွေးပါ။

ပြီးရင် ကန်ထဲထည့်ရမည့် ငါးအရွယ်၊ အကောင်ရေကို စနစ်တကျတွက်ပြီးမှ ဝယ်ထည့်ပါ။

အပူချိန်တူ၊ ဇစ်မြစ်တူ၊ ရေအလုံအလောက် သိုလှောင်ထားပါ။

မီးပျက်လျှင် သုံးဖို့ AC/DC Air Pump (2 Way) အားကောင်းကောင်း ဆောင်ထားပါ။

Ammonia ကို ပုံမှန်တိုင်းနိုင်လျှင် ကောင်းပါသည်။

အဓိကက ရေသန့်နေရမည်။

ကန်ကသေး၊ ထည့်တဲ့ငါးနဲ့ မမျှရင် Over Stocking ကြောင့် ရေမသန့်၊ ငါးနာမည်၊ ကုဖို့ နောက်ကျမည်။

ဘဘ ၄ ပေ × ၃ ပေ၊ ရေအမြင့် ၈ လက်မ၊ Air Pump ၂ စ၊ Airstone ၂ လုံး၊ Aquarium Fan ၄ လုံး (Ko Myat Min) တပ်ထားပါသည်။

AAA Grade Top View Ranchu Japan Bloodline ၈ ကောင် ထည့်ထားသည်။

မနက်စာ Saki Hikari အစိမ်း ၃ ဆ၊ အနီ ၁ ဆ။

နေ့လည်နှင့် ညနေ Frozen Blood Worms ကျွေးပါသည်။

အစာအားလုံးကို ၁၀ မိနစ်အတွင်း ကုန်မည့်ပမာဏသာ ကျွေးပါသည်။

၂၄ နာရီသိပ်ထားပြီး အပူချိန်တူတဲ့ရေကို ညနေအစာကျွေးပြီးတိုင်း ၁၀၀% လဲပါသည်။

ဘာရောဂါမှ မဝင်ပါ၊ ရေမညစ်နိုင်ပါ။

ဆေးထိုးပြီး ကြွားတာ မဟုတ်ပါ။

ငါး၊ အထူးသဖြင့် Goldfish သည် ရေထဲမှာ နေပါသည်။

ရေသန့်နေလျှင် ရောဂါဝင်ရောက်ဖို့ ခဲယဉ်းပါသည်။

အကြံဉာဏ်တောင်းလျှင် ပစ္စည်းတွေ တပ်ဆင်ဖို့ ပြောတာများပါသည်။

Stocking Capacity ကို မပြောကြပါ။

ဘဘတို့ ငယ်စဉ်က သံဈေး ငါးဆိုင်များမှာ ကန်ထဲ Goldfish အများကြီး ထည့်ရောင်းပါသည်။ မသေပါ။

ငါးဝယ်ပြီး အိမ်ရောက်လည်း OK ပါသည်။

သူတို့က ရေတစ်ကို ကုန်သလောက် ကလေးခဏခဏ ကျွေးသည်။

မှန်ဘောင်ကို အစဉ်ပွတ်နေသည်။

ရေကို ၂၀၀% (မနက် ၁၀၀% / ည ၁၀၀%) အနည်းဆုံး လဲပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ပုဇွန်တောင် ချမ်းသာပလာဇာအောက်မှ ငါးဆိုင်တွင် ဖော်ပြသလို ရေလဲနေတာ တွေ့ရပါသည် (ပိုင်ရှင်ကို မသိပါ)။

Conclusion အနေနဲ့ ကန်နဲ့ငါး တန်ရုံမွေးပြီး ရေသန့်နေဖို့က အဓိက ဆိုတာပါပဲ။

အလားတူ အကြံကို မိမိအား စင်ကာပူ Goldfish Judge Mr. Wee Yap နှင့် Bro Tun Tun Win (USA) တို့မှ တိုက်တွန်းပြောကြားခဲ့ပါသည်။

မိမိကိုယ်ပိုင် အာဘော်ဖြစ်ပါသည်။

စေတနာအပြည့်နဲ့ပါ!

Goldfish ပထမတစ်ကောင်အတွက် ရေ US Gallon 20၊ နောက်တိုး တစ်ကောင်လျှင် 10 Gallons နှုန်း အနည်းဆုံး လိုအပ်ပါသည်။

Goldfish ၄ ကောင်အတွက် ရေ 50 Gallons လိုအပ်ပါသည်။

ငါးကြီးလျှင် ကန်ပိုကျယ်ရပါမည်။

ထိုနှုန်းအတိုင်း ထားနိုင်မှ စမွေးပါ။

သို့မဟုတ် Fancy Tropical Fish အကောင်သေးသေးလေးတွေ ပြောင်းမွေးပါ။

Credit: ဘဘစိုးထွဠ်တင်