Skip to Content

Goldfish Swin Bladder Disorder /‌‌‌လေအိတ်ယောင်ခြင်းကိုကာကွယ်နည်း

July 21, 2026 by
Kyaw Zaw Hein


Goldfish လေစီပေါင်းရောင်ခြင်း
(Swim Bladder Disorder)

(ရောင်/မရောင်ကို မသိပါ။ ဆရာကြီးများ ပြောကြသည့်အတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။)

Swim Bladder Disorder သည် အဓိကအားဖြင့် -

  • အစာကျွေးများလွန်းခြင်း

  • ရေထဲတွင် Nitrate Level မြင့်တက်လာခြင်း

  • ဝမ်းချုပ်ခြင်း

  • Internal Parasites (ဝမ်းတွင်းကပ်ပါးကောင်များ)

တို့ကြောင့် ဖြစ်နိုင်ပါသည်။

ခဏခဏ ရေးဖူးသလိုပင်၊

မိမိကန်ရေ၏ Water Parameters များဖြစ်သော -

  • Ammonia

  • Nitrite

  • Nitrate

  • pH

  • TDS

တို့ကို ပုံမှန်တိုင်းတာပေးပါ။

သင့်တော်သော Water Parameters

  • pH : 7.0 မှ 8.4

  • TDS : 250 ppm အောက်

ရေ၏ TDS သည် 250 ppm ထက် များလာပါက၊ TDS နည်းသော Goldfish ၏ ခန္ဓာကိုယ်အတွင်းသို့ ရေစိမ့်ဝင်နိုင်ပြီး ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။

"လေစီပေါင်းရောင်" ဖြစ်လျှင်

မြန်မာလို "လေစီပေါင်းရောင်" ရောဂါ ဖြစ်လာပါက မူလအတိုင်း ပြန်ကောင်းရန် အလွန်မလွယ်ကူပါ။

Filter တပ်ထားရုံဖြင့် မလုံလောက်ပါ

Filter ကို "ဆင်လောက်ကြီး" တပ်ထားသည်ဖြစ်စေ၊

Filter ထဲရှိ အကျိုးပြု Bacteria များ၏ အဓိကလုပ်ဆောင်ချက်မှာ -

  • ရေကို ကြည်လင်စေခြင်း

  • Ammonia နှင့် Nitrite ကို Nitrate အဖြစ် ပြောင်းလဲပေးခြင်း

သာ ဖြစ်ပါသည်။

Nitrate ကို ဖယ်ရှားပေးခြင်း မဟုတ်ပါ။

Maximum Nitrate Level

Nitrate 40 ppm သည် အများဆုံး လက်ခံသင့်သော အဆင့်ဖြစ်ပါသည်။

ထိုထက် ကျော်လွန်ပါက ပြဿနာ စတင်နိုင်ပါသည်။

ppm = Parts Per Million

အပိုင်းတစ်သန်းတွင် တစ်ပိုင်း (1/1,000,000) ကို ဆိုလိုပါသည်။

အရေးကြီးသော အကြံပြုချက်

ပြဿနာမဖြစ်မီ ကြိုတင်သိရန် Water Parameters ကို ပုံမှန်တိုင်းတာပါ။

ရေကို ကြိုတင်လဲပေးခြင်းကသာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါသည်။

နောက်ကျမှ Facebook ပေါ်တွင် "ဆရာတို့၊ အစ်ကိုတို့" ကို မေးလျှင် နည်းလမ်းမျိုးစုံ ရနိုင်သော်လည်း၊ အချိန်မီ မကုသနိုင်လျှင် ငါးများအတွက် နောက်ကျသွားနိုင်ပါသည်။

Activated Carbon အကြောင်း

Modified Activated Carbon ကို Filter ထဲ ထည့်အသုံးပြုပါက

မိနစ် ၃၀ ခန့်အတွင်း -

  • အဆိပ်အတောက်များ (Chemical)

  • Nitrate အပါအဝင် အညစ်အကြေးအချို့

ကို စတင်စုပ်ယူ ဖယ်ရှားပေးနိုင်ပါသည်။

ပုံမှန် Unmodified Activated Carbon သည် Modified Activated Carbon နှင့် နှိုင်းယှဉ်ပါက စုပ်ယူနိုင်စွမ်း တစ်ဝက်ခန့်သာ ရှိပါသည်။

Activated Carbon သည် ၎င်း၏ အလွန်သေးငယ်သော အပေါက်များ (Micropores) မှတစ်ဆင့် အညစ်အကြေးများကို စုပ်ယူခြင်း ဖြစ်သောကြောင့်

  • ငါးအရေအတွက်

  • Filter အရွယ်အစား

  • အသုံးပြုမည့် Carbon ပမာဏ

တို့ကို သင့်တော်စွာ တွက်ချက်အသုံးပြုရပါမည်။

ထို့အပြင် Activated Carbon ကိုလည်း အချိန်အခါအားလျော်စွာ အသစ်လဲပေးသင့်ပါသည်။

Credit: Google


ကြော်ငြာများ ထည့်သွင်းလိုပါက ဆက်သွယ်နိုင်ပါသည်