သေချာလိုက်နာပါ
ဖောက်တာလွယ်တယ်၊ Fry မွေးရတာ ခက်တယ်
Goldfish Breeding အတွက် ငုံးဥအကြက်ပြုတ်အနှစ် ကျွေးသင့်သည့် ပမာဏကို Update ပြုလုပ်ဖော်ပြထားပါသည်။
Water Parameters
pH : 6 မှ 8 အတွင်း
Temperature : 20°C မှ 25°C
20°C သည် အကောင်းဆုံး ဖြစ်ပါသည်။
ငါးဖောက်ရန် ကြိုတင်ပြင်ဆင်ခြင်း
Conditioning the Fish
မျိုးတူဖောက်ရန်အတွက် လက်ရွေးစင် Goldfish အထီး၊ အမများကို တစ်ကန်စီ ခွဲထားပါ။
မြန်မာနိုင်ငံတွင် Goldfish များသည် ပုံမှန်အားဖြင့် ၈ လခန့်တွင် အရွယ်ရောက်ပါသည်။
Feeding Parent Stock
မနက်စာ
အကောင်းဆုံး အစာခြောက်ကို ရေဖြင့် ၅ မိနစ်ခန့် စိမ်ပြီး
၁၅ မိနစ်အတွင်း ကုန်အောင် ကျွေးပါ။
နေ့လည်စာ
အောက်ပါအစာများ ကျွေးနိုင်ပါသည် -
Daphnia
Artemia
ရေတီ
သန့်ရှင်းသော အရွယ်သေး မြေတီ
Frozen Blood Worms
Frozen Artemia
၁၅ မိနစ်အတွင်း စားနိုင်သလောက် ကျွေးပါ။
ညနေစာ
နေ့လည်စာအတိုင်း ကျွေးပါ။
အစာကျန်များကို ဖယ်ရှားပစ်ပါ။
တစ်ပတ်ခန့်အကြာတွင် -
ငါးမများ၏ မျိုးဥများ တိုးလာမည်။
ငါးထီးများ၏ မျိုးရည် (Sperm) တိုးလာမည်။
ငါးထီးကန်ရေကို နေ့စဉ် ၂၀% လဲပါ။
ငါးမကန်ကို မစင်စုပ်၍ သန့်ရှင်းပေးရုံသာ ပြုလုပ်ပါ။
ရေအများကြီး မလဲပါနှင့်။
ငါးမများသည် အထီးမပါဘဲ ဥများ ခါချတတ်ပါသည်။
အထီးအမ ခွဲခြားခြင်းနှင့် အဆင်သင့်ဖြစ်မှု
ငါးများကို နေ့စဉ်ကြည့်ပါ။
ပေါက်ပွားချိန်နီးသော လက္ခဏာများ ပြလာပါက ဖောက်ကန်ကို စတင်ပြင်ဆင်ပါ။
ငါးမ
ပေါက်မည့်အမ၏ ဝမ်းဗိုက်သည် လက်မဖြင့် အသာဖိပါက ပျော့နေပါမည်။
မာနေပါက အဆင်သင့် မဖြစ်သေးပါ။
ငါးထီး
အထီးကို အသာမ၍ စအိုဝကို လက်ညှိုး၊ လက်မဖြင့် ဖိပါက
အဖြူရောင် Sperm များ ထွက်လာလျှင် အဆင်သင့် ဖြစ်ပါပြီ။
သားဖောက်ကန်
Spawning Tank
ရေမျက်နှာပြင် ကျယ်ရမည်။
ရေအမြင့် ၆ inches ထားပါ။
ငါးကန် သန့်သန့်နှင့် ရေသစ် အသုံးပြုပါ။
Air Stone ၂ ခုမှ ၃ ခု ထည့်ပါ။
ဖောက်ငါး ၂ ကောင်လျှင် ရေမျက်နှာပြင်ဧရိယာ ၁ စတုရန်းမီတာ ခန့် ရှိသင့်ပါသည်။
ရေမြက်၊ နိုင်လွန်စများကို စုစည်း၍ ငါးဥချရန် နေရာပြုလုပ်ပေးပါ။
နိုင်လွန်ခြင်ထောင်စ သုံးပါက ငါးဥပြီးသောအခါ
Acriflavine
Methylene Blue
တို့ကို မှိုမပွားစေရန် အသုံးပြုနိုင်ပါသည်။
Uncle သည် ဆောင်းတွင်းလများဖြစ်သော
November, December, January, February
များတွင် ဖောက်လေ့ရှိပါသည်။
အတွေ့အကြုံအရ Japan Import Top View Ranchu များကို
22°C ရေအပူချိန်တွင် ဆောင်းလများ၌ အကြိမ်ကြိမ် အောင်မြင်စွာ ဖောက်ခဲ့ပါသည်။
Breeding
ငါးမများကို ညနေ ၄ နာရီခန့်
ငါးထီးများကို ည ၆ နာရီခန့်
တွင် ထည့်ပါ။
အမ ၁ ကောင်လျှင် အထီး ၂ ကောင်နှုန်း ထည့်ပါ။
နောက်နေ့မနက် ၄ နာရီခန့် မှ စ၍ ဥဥပါမည်။
မိတ်လိုက်ချိန်တွင် -
အထီးမှ Sperm ထုတ်ပါသည်။
အမမှ ဥဥပါသည်။
တစ်မိနစ်ခန့်အတွင်း Sperm မဝင်သော ဥများသည် မအောင်ပါ။
မိတ်လိုက်ပြီးသည်အထိ စောင့်ပြီး ငါးများကို ကန်ထဲမှ ထုတ်ပါ။
အရည်အသွေးတူသော ရေကို 50% လဲပါ။
သေသွားသော Sperm များကြောင့် ရေညစ်ညမ်းပြီး နောက်ကျိနိုင်ပါသည်။
ရေအမြင့်ကို ၆ inches ထားပါ။
ငါးဥ၏ Sperm ဝင်ရာ Valve သည် ရေနှင့်ထိပြီး 30 seconds ခန့်အတွင်း ပိတ်သွားပါသည်။
မျိုးအောင်နှုန်းကောင်းစေရန် -
အမ ၁ ကောင် : အထီး ၂ ကောင်
နှုန်းထားပါ။
ရေအပူချိန်ပေါ်မူတည်၍ ၃ ရက်ခန့် အကြာတွင် အကောင်ပေါက်ပါသည်။
မွေးရာပါအစာကုန်ပြီးနောက် ၂ ရက်ခန့် တွင် ရေစကူးပါသည်။
Fry Care
ရေစကူးသည်နှင့်
ရေအမြင့် ၄ inches
Air Stone များများ
လေပုံမှန်
ပေးထားပါ။
တစ်နေ့လျှင် ရေ 20% မှ 30% လဲပါ။
Feeding (သေချာဖတ်ပါ)
ပေါက်ခါစ Fry အတွက် -
Artemia / ငုံးဥအကြက်ပြုတ်အနှစ်
ငုံးဥအကြက်ပြုတ်အနှစ်ကို မီးခြစ်ဆံခေါင်းခန့်သာ ယူပါ။
Teaspoon ထဲတွင် ရေအနည်းငယ်နှင့် အရည်ဖြစ်အောင် ချေပြီး
ရေတစ်ဖန်ခွက်တွင် ဖျော်၍ ကန်ထဲသို့ ဖြန့်ပေးပါ။
အစာကျန်မနေစေရန် သတိပြုပါ။
အစာတုံးကလေးများ မပါရပါ။
အစာကျန်ပါက ရေညစ်ပြီး တစ်ကန်လုံး သေနိုင်ပါသည်။
ငါးချေးနှင့် အစာကျန်များကြောင့် -
Carbon Dioxide
Nitrate
Nitrite
Ammonia
များတိုးလာပြီး Fry များ ရောဂါဝင်ကာ တဖြည်းဖြည်း သေဆုံးနိုင်ပါသည်။
၇ ရက်အကြာတွင် Daphnia စကျွေးနိုင်ပါသည်။
Artemia Shelling Shrimp Eggs ကို အကောင်ဖောက်ရန် မလိုဘဲ Goldfish ရေစကူးချိန်တွင် ငုံးဥပြုတ်အစား စတင်ကျွေးနိုင်ပါသည်။
Aqua City တွင် ဝယ်ယူရရှိနိုင်ပါသည်။
Note (ဖတ်ဖြစ်အောင် ဖတ်ပါ)
ငုံးဥကို မီးခြစ်ဆံခေါင်းလောက်သာ ကျွေးပါ။
ငါးဘယ်လောက်များများ ဖြစ်ပါစေ။
ဘေးတိုက်ကြည့်လျှင် Fry ဗိုက်လေးများ ဝါနေပါမည်။
အစာကုန်သွားမှ ထပ်ကျွေးပါ။
Artemia ကျွေးလျှင် ဗိုက်နီနေပါမည်။
ဗိုက်ကိုကြည့်ပြီး တစ်ခါတည်း အများကြီး မကျွေးဘဲ အကြိမ်ရေ တိုးကျွေးပါ။
Filter & Water Management
Biofoam Bottom Filter တစ်ခု ကန်ထဲ ထည့်ထားပါ။
Filter သွားသောပိုက်မှ ရေစုပ်ထုတ်ပါက ငါးကလေးများ မပါသွားပါ။
တစ်နေ့ ရေ 20% ခန့် လဲပါ။
၃ ပတ်ခန့်တွင် ရေတီ စစားနိုင်ပါမည်။
Goldfish တွင် စံမမှီသော ငါးများ ရှိတတ်ပါသည်။
Commercial Breeder များသည် ခန့်မှန်းအားဖြင့် 2% လောက်သာ ချန်ထားကြပါသည်။
Uncle သည် Culling အားမပေးသဖြင့် မရေးတော့ပါ။
စာကြွင်း
Artemia အကောင်ပေါက်များကို Fry ရေစကူးချိန်မှစ၍ အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျွေးပါ။
အလုပ်များသော်လည်း Result ကောင်း ရရှိပါသည်။
Photo Credit
Google / Original Uploaders
Happy Reading
Thank You
Soe Htut Tin