Skip to Content

Fist Practical Goldfish Breeding Lesson/ ရွှေငါး မျိုးပွားမွေးမြူခြင်း ပထမဆုံး လက်တွေ့သင်ခန်းစာ

July 21, 2026 by
Kyaw Zaw Hein


စာရေးသူအသက် 71+

စပြီး Goldfish Breed လုပ်တော့ အသက် ၂၀ ကျော်၊ ဖောက်တာ အဆင်မပြေခဲ့ပါ။

ဦးအောင်တင့် (ဘားဂရာ) အိမ်လာပြီး ဖောက်ကန် ပြင်ပေးသည်။ ဖောက်ငါး အထီး ၂ ကောင်၊ အမ ၁ ကောင် ယူလာပေးပါသည်။

ဥဥပြီး အကောင်ပေါက် (Fry) ရေစကူးတဲ့နေ့ ကြက်ဥအကြက်ပြုတ်အနှစ် ကျွေးနည်း သင်ပေးသည်။



Where innovation meets performance

ရေတီခုတ်ကျွေးရသည့်ခေတ်မှာ ခုတ်နည်း၊ သန့်နည်း၊ ကျွေးနည်း အစရှိသည်များကို အသေးစိတ် သင်ပေးသည်။

နောက်ပိုင်း စာရေးသူသည် Blade တစ်ချောင်းအစား ၄ ချောင်းသုံးသည်။

တစ်ချက်ခုတ် ၄ ချက်ပြတ် ဖြစ်သည်။

(Blade ကို သံပြားငုံပြီး သစ်သားပြားပေါ်တင်၍ ခုတ်ရသည်။)

ရေတီကျွေးနည်း၊ ရေလဲနည်းများကိုလည်း သင်ပေးသည်။

ခေတ်က ရှားတဲ့ခေတ်ဖြစ်၍ ကြက်ဥအစား ငုံဥပြုတ်အနှစ် ကျွေးကြသည်။

ပိုတာစားပစ်၊ တစ်လုံး ၁၅ ပြားခေတ် ဖြစ်သည်။

Goldfish အရောင်ဝင်တော့ ဦးအောင်တင့်က အများဈေးနဲ့ ပြန်ယူသည်။

စာရေးသူသည် ၁၀ ကောင် ရွေးပြီး မျိုးချန်ထားသည်။

မျိုးတန်းတစ်စု ရရှိလိုက်သည်။

ဦးအောင်တင့်ပင် ပြန်၍ မျိုးတောင်းပါသည်။

ဆရာကောင်းကောင်းထံမှ လက်တွေ့ကျကျ One Batch လောက် ဖောက်တာကို အနီးကပ် သင်ယူ၍ တတ်မြောက်ခဲ့ပါသည်။

Goldfish အထီးအမခွဲခြင်း၊ ဖောက်ရန်ပြင်ဆင်ခြင်း စသည်တို့ကို စာတွေ့ဖြင့်သာ မရနိုင်ပါ။

တက်ခေတ်လူငယ်များအနေဖြင့် ဆရာကောင်းနှင့် လက်တွေ့ သင်ယူသင့်ကြောင်း တိုက်တွန်းပါသည်။

Credit- BABA SOE HTUT TIN