Moina အကြောင်း သိထားသမျှ မျှဝေခြင်း
။
All I Know About Moina!
Moina Egg Capsules
Moina Egg Capsules များကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းကြသည်။
ရေသန့်သန့်တွင် ထည့်ဖောက်ပါက 24+ နာရီ အတွင်း အကောင်ပေါက်ပါသည်။
Moina အမျိုးအစားများ
Type (၃ မျိုး)
Affinis Birge
Australiensis
Belli Gunney
Species (၅ မျိုး)
Moina micrura
Moina weismanni
Moina mongolica
Moina hutchinsoni
Moina affinis
Size
ပေါက်ခါစ Moina (အထီး၊ အမ) နှစ်မျိုးလုံးသည် 0.4 mm ခန့် ရှိပါသည်။
အရွယ်ရောက် အမ
1.0 mm မှ 1.65 mm
အရွယ်ရောက် အထီး
0.6 mm မှ 1.0 mm
အရွယ်ရောက် Daphnia သည် 5 mm ခန့် ရှိပါသည်။
ပေါက်ခါစ Moina သည် ပေါက်ခါစ Artemia ထက်ပင် သေးငယ်ပါသည်။
Life Span & Reproduction
Moina ၏ သက်တမ်းမှာ အလွန်တိုတောင်းပြီး ၁၃ ရက်ခန့် သာ ရှိပါသည်။
(Daphnia (ပိုးနီ) ၏ သက်တမ်းမှာ ၁၀ ရက်မှ ၁ လ အထိ ဖြစ်နိုင်ပါသည်။)
Moina သည် မွေးပြီး ၄ ရက်မှ ၇ ရက် အတွင်း အရွယ်ရောက်ပါသည်။
ပုံမှန်အခြေအနေတွင် အထီးမလိုဘဲ အမချည်းသာ အကောင်လိုက် ပေါက်ပွားနိုင်ပါသည်။
ဤဖြစ်စဉ်ကို Parthenogenesis (Virgin Birth) ဟု ခေါ်သည်။
၁ ရက်ခွဲမှ ၂ ရက် တစ်ကြိမ် ပေါက်ပွားပြီး၊
သက်တမ်း ၁၃ ရက် အတွင်း ၂ ကြိမ်မှ ၆ ကြိမ် အထိ ပေါက်ပွားနိုင်ပါသည်။
Adverse Environmental Conditions
ပတ်ဝန်းကျင်အခြေအနေ မကောင်းသည့်အခါ (ဥပမာ - ရေအေးခဲခြင်း၊ ရေခမ်းခြောက်ခါနီး)
Parthenogenetic Moina များမှ အထီးများ ပေါ်လာပါသည်။
ထိုအချိန်တွင် အထီးနှင့် အမ မိတ်လိုက်ပြီး
Resting Eggs (Ephippia) ဟုခေါ်သော
ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည့် ဥများကို ဥချပါသည်။
ယင်းဥများသည်
ရေအေးခဲခြင်း
ရေခမ်းခြောက်ခြင်း
စသည့် အခြေအနေများကို ခံနိုင်ရည်ရှိပြီး
ပတ်ဝန်းကျင်အခြေအနေ ပြန်ကောင်းလာသောအခါ Moina များ ပြန်လည်ပေါက်ပွားလာပါသည်။
အခြား Crustaceans များနှင့် နှိုင်းယှဉ်ခြင်း
Crustacean မျိုးနွယ်ဝင်များဖြစ်သော
Daphnia
Fairy Shrimp
Artemia
တို့၏ ပေါက်ပွားပုံမှာ ဆင်တူပါသည်။
Artemia သည် ပင်လယ်ရေ၏ Salinity နည်းသောအချိန်တွင် အကောင်လိုက် ပေါက်ပွားပါသည်။
Salinity မြင့်တက်လာပြီး ရေခမ်းလာမည့် အခြေအနေတွင် သဘာဝအသိဖြင့် အထီး၊ အမ မိတ်လိုက်၍ ဥချပါသည်။
မြန်မာနိုင်ငံရှိ ချောင်း၊ မြောင်းများတွင်လည်း ရေခမ်းခြောက်ခါနီးအချိန်၌ Daphnia များ မိတ်လိုက်ပြီး ဥချကြပါသည်။
ထိုဥများသည် ခြောက်သွေ့ဒဏ်ကို ခံနိုင်ရည်ရှိပြီး
မိုးပြန်ရွာသောအခါ ဥမှ အကောင်များ ပြန်လည်ပေါက်ပွားလာကြပါသည်။
FOOD
လောလောဆယ် ဘဘအသုံးပြုနေသော အစာဖော်စပ်နည်းမှာ -
သကြား
Yeast
Spirulina Powder
တစ်မျိုးလျှင် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစီ ယူ၍
ရေနွေးဆူဆူဖြင့် ရောကာ ညက်နေအောင် ကြိတ်ပါ။
ထို့နောက် ဆူပြီးသားရေ ၁ လီတာ ပြည့်အောင် ထပ်ရောပါ။
Artemia ဖမ်းဇကာဖြင့် စစ်ပြီး
ရေနောက်ရုံသာ ကျွေးပါ။
ရေကြည်သွားမှ ထပ်ကျွေးပါ။
တစ်ပတ်လျှင် တစ်ကြိမ် ရေ ၇၀% ခန့် လဲပေးပါ။
Moina သက်တမ်းတိုသဖြင့် အကြီးများကို အရင်ဖမ်းပြီး ငါးကျွေးပါ။
အရေးကြီးသောအချက်
Moina သည် ရေထဲရှိ Dissolved Oxygen နည်းသည့် အခြေအနေကို ခံနိုင်ရည်ရှိပါသည်။
ထို့ကြောင့် Air Pump ကို အားပြင်းပြင်း မသုံးပါနှင့်။
Airstone (ကျောက်သီး) တပ်၍လည်း မသုံးသင့်ပါ။
အဘယ်ကြောင့်ဆိုသော် Crustacean များ၏ အခွံအောက်သို့ လေဝင်ကာ သေဆုံးနိုင်သောကြောင့် ဖြစ်ပါသည်။
Air Pump ကို လေပျော့ပျော့ ဖြင့်သာ အသုံးပြုပြီး ကန်အောက်ခြေတွင် အလေးဖြင့် ချထားကာ
တစ်စက္ကန့်လျှင် လေပူဖောင်းတစ်လုံးခန့် ထွက်ရုံဖြင့် လုံလောက်ပါသည်။
Credit- BABA SOE HTUT TIN Start writing here...