Skip to Content

OXYGEN in a Fish Tank /ငါးကန်အတွင်း Oxygen နှင့် Aeration အကြောင်း

July 21, 2026 by
Kyaw Zaw Hein


ငါးကန်အတွင်းရှိ Oxygen ပမာဏသည် ငါးများ၏ အသက်ရှင်မှုနှင့် ကျန်းမာရေးအတွက် အရေးကြီးပါသည်။

Air Pump မှ Plastic ပိုက်တပ်ပြီး တစ်ဖက်တွင် Air Diffuser သို့မဟုတ် Air Stone တပ်ဆင်ကာ ကန်အောက်ခြေမှ ရေများကို အပေါ်သို့ လှုပ်ရှားစေပါသည်။

ထိုသို့ ရေမျက်နှာပြင်ပေါ်သို့ ရေများတက်လာပြီး လေထုနှင့် ထပ်ခါတလဲလဲ ထိတွေ့စေခြင်းကြောင့် လေထုအတွင်းရှိ Oxygen (21%) သည် ရေထဲသို့ ပျော်ဝင်လာပါသည်။

ဤလုပ်ငန်းစဉ်ကို Aeration ဟုခေါ်ပါသည်။

အများအားဖြင့် “Pump ရိုက်သည်” ဟု လွယ်ကူစွာခေါ်ကြသော်လည်း အမှန်မှာ Air Pump သည် Oxygen ကို တိုက်ရိုက်ထုတ်ပေးခြင်းမဟုတ်ဘဲ ရေထဲ Oxygen ဝင်ရောက်နိုင်အောင် ရေကို လှုပ်ရှားစေခြင်းဖြစ်ပါသည်။

Oxygen ပေးခြင်းနှင့် ပတ်သက်၍

လူနာများအား Oxygen Concentration မြင့်မြင့်ပေးသကဲ့သို့ ငါးများကို Oxygen 90% စသည်ဖြင့် တိုက်ရိုက်ပေးခြင်း မပြုလုပ်ပါ။

ငါးသယ်ယူပို့ဆောင်ရာတွင်သာ Plastic Bag အတွင်း Oxygen ဖြည့်သွင်းအသုံးပြုကြပါသည်။

Aquarium Filtration အမျိုးအစားများ

1. Mechanical Filtration

ရေထဲရှိ အညစ်အကြေးအမှုန်များကို ဖယ်ရှားပြီး ရေကြည်လင်စေရန် Filter Media များ အသုံးပြုခြင်း ဖြစ်ပါသည်။

2. Biological Filtration

Filter Media များ၊ Bio Balls များ စသည်တို့ကို အသုံးပြုပြီး အကျိုးပြု Bacteria များ ပေါက်ပွားစေကာ Ammonia နှင့် Nitrite များကို ထိန်းချုပ်ပေးသော စနစ် ဖြစ်ပါသည်။

Aquarium စနစ်တစ်ခု ကောင်းမွန်ရန် Aeration နှင့် Filtration နှစ်မျိုးစလုံးကို မှန်ကန်စွာ အသုံးပြုရန် အရေးကြီးပါသည်။

(လေ့လာရန် — Google Search တွင် Aeration, Oxygen Exchange, Biological Filtration အကြောင်းများကို ရှာဖွေလေ့လာနိုင်ပါသည်)

Credit- BABA SOE HTUT TIN