ငါးများမစားဘဲ ကျန်နေသောအစာများ၊ ငါးမစင်များနှင့် ပုပ်ဆွေးနေသော အပင်အကြွင်းအကျန်များသည် ရေထဲတွင် Ammonia ကို ဖြစ်ပေါ်စေပါသည်။
Aquarium Filter အတွင်းရှိ အကျိုးပြု Nitrifying Bacteria များက -
Ammonia → Nitrite → Nitrate
အဖြစ် အဆင့်ဆင့် ပြောင်းလဲပေးပါသည်။
Ammonia ကို Bacteria များက Nitrite အဖြစ် ပြောင်းပေးသည်။
ထို Nitrite ကို ဆက်လက်၍ Nitrate အဖြစ် ပြောင်းပေးသည်။
Nitrate သည် ရေထဲနှင့် Filter system အတွင်း ဆက်လက်စုဆောင်းလာနိုင်ပါသည်။
Nitrate ပမာဏသည် 50 mg/L (ppm) ထက် များလာပါက ငါးများအတွက် Stress ဖြစ်စေနိုင်ပြီး ရေညှိများလည်း ပိုမိုပေါက်ပွားလာနိုင်ပါသည်။
Nitrate ထိန်းချုပ်ရန် နည်းလမ်းများ
အပတ်စဉ် ရေ 15% မှ 20% ခန့် ပုံမှန်လဲပေးပါ။
Aquarium Plants များ စိုက်ပျိုးပေးပါ။
သင့်တော်သော Filter system အသုံးပြုပါ။
ထို့ကြောင့် Aquarium များတွင် Filter နှင့် Aquatic Plants များကို တွဲဖက်အသုံးပြုခြင်းဖြင့် ရေအရည်အသွေးကို ထိန်းသိမ်းနိုင်ပါသည်။
Goldfish အတွက် အထူးဂရုပြုရန်
Goldfish များသည် အညစ်အကြေးပိုမိုထွက်ရှိသော ငါးများဖြစ်သောကြောင့် -
ပိုကျယ်သောကန်
လည်ပတ်မှုကောင်းသော Filter system
ငါးအရေအတွက်နှင့် ကိုက်ညီသော ရေလဲစနစ်
တို့ လိုအပ်ပါသည်။
Nitrate Level ကို အမြဲစောင့်ကြည့်ပါ။ Aquarium ထဲရှိ Nitrate ပမာဏကို Test Kit ဖြင့် တိုင်းတာထားသင့်ပါသည်။
Nitrate များလာပါက အလွယ်ဆုံးနှင့် အထိရောက်ဆုံး ဖြေရှင်းနည်းမှာ ရေလဲပေးခြင်း ဖြစ်ပါသည်။
(ဘာသာပြန်/ပြန်လည်စီစဉ် — Sera Guide အခြေခံ)