Skip to Content

The Importance of Food Size for Crustaceans and Fish Fry / Fish Fry များအတွက်အစာအရွယ်အစား (Food Size) ၏ အရေးပါမှု

July 21, 2026 by
Kyaw Zaw Hein



Aquarist များအတွက် မေးခွန်းတစ်ခု...

ပေါက်စီအကြီးကြီးကို ပါးစပ်ထဲ တစ်ခါတည်း ထိုးသွင်းပြီး စားနိုင်ပါသလား?

အဖြေကတော့ မရနိုင်ပါ။

ငါးပေါက်ကလေးများ (Fish Fry) နှင့် Crustaceans များဖြစ်သော

  • Artemia

  • Fairy Shrimp

  • Daphnia

  • Moina (Daphnia ထက် သေးငယ်သည်)

တို့လည်း ထိုနည်းတူပင် ၎င်းတို့၏ ပါးစပ်အရွယ် (Mouth Size) ထက် ကြီးသော အစာကို မစားနိုင်ပါ။

Mouth Size ထက် ကြီးသောအစာ၏ အကျိုးဆက်

အစာသည် Mouth Size ထက် ကြီးနေပါက မစားနိုင်ဘဲ ရေထဲတွင် ကျန်ရှိနေမည်။

အစာကျန်များ ပုပ်သိုးလာသည်နှင့်

  • Ammonia တက်လာခြင်း

  • ရေအရည်အသွေး ကျဆင်းခြင်း

တို့ ဖြစ်ပေါ်လာပြီး

  • Fish Fry

  • Daphnia

  • Moina

  • Fairy Shrimp

  • Artemia

များ အစုလိုက်အပြုံလိုက် သေဆုံးနိုင်ပါသည်။

Fry နှင့် Moina အတွက် အစာပြင်ဆင်နည်း

Fish Fry များအတွက် ငုံးဥအနှစ် သို့မဟုတ် Moina အတွက် စပ်စာကျွေးမည်ဆိုပါက ဥပမာ -

  • သကြား

  • Yeast

  • Spirulina Powder

တစ်မျိုးလျှင် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစီ ရောစပ်ပြီး ရေဖြင့်ဖျော်ကာ တိုက်ရိုက်ကျွေးပါက အစာမှုန့်များသည် Mouth Size ထက် ကြီးနေတတ်ပါသည်။

ထိုအစာများသည် ရေထဲတွင် စုပုံကျန်ရှိပြီး Ammonia Bloom ဖြစ်စေကာ ကန်တစ်ကန်လုံးရှိ အကောင်များကို မကြာမီ သေဆုံးစေနိုင်ပါသည်။

အကြံပြုထားသော နည်းလမ်း

YouTube နှင့် အခြားလေ့လာမှုများကို ကိုးကားပြီး စာရေးသူအသုံးပြုသော နည်းလမ်းမှာ -

  1. စပ်စာအားလုံးကို Laboratory Mortar & Pestle (ကြိတ်ဆုံ) ဖြင့် အလွန်ညက်အောင် ကြိတ်ပါ။

  2. ရေနှင့် ဖျော်ပါ။

  3. Artemia စစ်ဇကာ ဖြင့် စစ်ယူပါ။

  4. စစ်ကျလာသော အစာရည်ကိုသာ ကျွေးပါ။

ထိုသို့ပြုလုပ်ပါက အစာမှုန်များသည် Fish Fry နှင့် Crustaceans များ၏ Mouth Size နှင့် သင့်တော်သော အရွယ်အစား ဖြစ်လာပါသည်။

မှတ်ချက်

မကြိတ်ဘဲ တိုက်ရိုက်စစ်ကြည့်ပါက ဇကာပေါ်တွင် အစာအနှစ်များစွာ ကျန်နေသည်ကို တွေ့ရမည်ဖြစ်ပြီး၊ ထိုအမှုန်များသည် Fish Fry များ စားရန် ကြီးလွန်းကြောင်း သိနိုင်ပါသည်။

Feeding Tip

  • ရေအနည်းငယ် နောက်ရုံသာ ကျွေးပါ။

  • ရေပြန်ကြည်လာမှ ထပ်မံကျွေးပါ။

  • တစ်ကြိမ်တည်း အများကြီး မကျွေးဘဲ နည်းနည်းနှင့် မကြာခဏ ကျွေးခြင်းက ပိုကောင်းပါသည်။

အနှစ်ချုပ်

Fish Fry နှင့် Crustaceans များ၏ ကျန်းမာရေးနှင့် ရှင်သန်နှုန်းကောင်းစေရန် အစာအရွယ်အစား (Food Particle Size) သည် အာဟာရတန်ဖိုးနည်းတူ အရေးကြီးပါသည်။

အစာကို ၎င်းတို့၏ Mouth Size နှင့် သင့်တော်အောင် ပြင်ဆင်ကျွေးခြင်းဖြင့်

  • အစာအလေအလွင့် လျော့နည်းစေခြင်း

  • Ammonia တက်ခြင်းကို ကာကွယ်နိုင်ခြင်း

  • ရေအရည်အသွေး ကောင်းမွန်စေခြင်း

  • Fish Fry နှင့် Live Food Culture များ၏ ရှင်သန်နှုန်းကို မြှင့်တင်နိုင်ခြင်း

တို့ကို ရရှိနိုင်ပါသည်။

Credit- BABA SOE HTUT TIN