သေချာမဖတ်ရင် ရပ်ပါ။
သေချာမလုပ်ရင် မဖတ်ပါနဲ့။
ရေးရတာ မောပါသည်!
Goldfish တွေ သေနေတယ်ဆိုတော့ စိတ်မကောင်းလို့ ရေးတာပါ။
ဖတ်ပါ၊ လေ့လာပါ၊ လိုက်လုပ်ပါ။
ကြိုပြောပါရစေ။ ငါးတစ်ခုခုဖြစ်ရင် ဘဘထက် ပိုတတ်သိတဲ့
လေးလေး Htay Aung Kwel (ခ) U KoKo Gyi
(King/Queen ငါးရောဂါကုဆေး)
Dr. Kyaw Ye Myint
တို့ကို အရင်ဆုံး Facebook နှင့် Messenger မှာ မေးပြီး ကုထုံးအကြံယူစေချင်ပါသည်။
Goldfish တွေမှာ အနီစက်၊ အမဲကွက်တွေ ပေါ်လာပြီး အစာမစား၊ ငြိမ်နေပြီဆိုရင်
Facebook ပေါ်မှာ -
“ဆရာတို့လုပ်ပါဦး ဘာဖြစ်လို့လဲ၊ ငြိမ်နေတယ်၊ အစာမစားဘူး၊ သေသွားပြီ” စသဖြင့် မေးကြပါသည်။
ဆရာကြီးများအနေဖြင့် Advice များစွာ ပေးကြမည်ဖြစ်သော်လည်း ရောဂါလွန်သွားပါက ဆေးမမီနိုင်ပါ။
အရေးကြီးသောအချက်များ -
ငါးကန်အကျယ်
ငါးအရွယ်
ငါးအကောင်ရေ
Proper Feeding Schedule
(၁၀ မိနစ်အတွင်း ကုန်မည့် Quantity၊ တစ်နေ့ ၃ ကြိမ်ဆို ရပါသည်)
Filter Capacity
Regular Maintenance
Regular Water Change
Water Parameter တိုင်းတာခြင်း
ကျွန်တော့်အရပ်ဆေးမရှိ၊ Test Kit မရှိ ဆိုပြီး မပြောပါနဲ့။
ငါးမွေးချင်ရင် ရှာထားပါ။
မရှိစကားပြောပြီး ငါးမသတ်ပါနဲ့။
မမွေးပါနဲ့လေ။
ငါးကန်အသစ်ဆင်ပြီး Filter တပ်ကြတာများပါသည်။
Free Advice တွေ အများကြီးပေးကြမည်။
ကန်အသစ်အတွင်း အကျိုးပြု Bacteria စပွားရန် ၄ ပတ်မှ ၆ ပတ် ကြာပါသည်။
Ammonia Zero
Nitrite Zero
ဆိုလျှင် အကျိုးပြု Bacteria လုံလောက်နေပြီဟု ယူဆနိုင်ပါသည်။
သို့သော် Test Kit ဖြင့် တိုင်းတာရပါမည်။
Goldfish ထည့်ပြီး အစာကျွေးပါ။
Ammonia, Nitrite, Nitrate များကို အခါအားလျော်စွာ တိုင်းပါ။
၂၄ နာရီသိပ်ထားသောရေကို ၂၅% မှ ၅၀% ပုံမှန် လဲပေးပါ။
မီး ၄ နာရီ ပြတ်ပြီး Filter ရပ်သွားပါက အကျိုးမဲ့ Bacteria များပွား၍ ငါးကို ဒုက္ခပေးနိုင်ပါသည်။
Dissolved Oxygen ပြည့်ဝနေသော ရေသစ်လောက် ကောင်းသောရေ မရှိပါ။
စာရေးသူသည် ထိုရေကို 100% နေ့တိုင်းလဲ ပါသည်။
အသုံးပြုထားသည်များ -
Air Pump
Air Stone
Aquarium Fan ၄ ခု (Ko Myat Min)
Filter မသုံးဘဲ၊ အစာကို အချိန်နှင့်အညီ ကျွေးပါက ရောဂါမဝင်ပါ။
Filter သည် မီးကဲ့သို့ ဖြစ်ပါသည်။
သုံးတတ်လျှင် အဆင်ပြေပါသည်။
မသုံးတတ်လျှင် မီးကဲ့သို့ လောင်နိုင်ပါသည်။
နေရာတိုင်းရနိုင်သော ဆေးကုနည်း
ရေ ၁ ဂါလံတွင် ဆားကြမ်း ၄ လက်ဖက်ရည်ဇွန်း
Tetracycline
ရေ ၁၀ ဂါလံလျှင် တစ်တောင့်
ကန်သီးသန့်တွင် Air Stone ဖြင့် လေတိုက်ပေးပြီး ကုပါ။
၄၈ နာရီတစ်ကြိမ် ရေတစ်ဝက် လဲပါ။
ဆားကို အချိုးကျ ပြန်ထည့်ပါ။
ရေနီခြင်း၊ အမြုပ်ထခြင်း ဖြစ်ပါက ဖယ်ရှားပေးပါ။
၇ ရက်ခန့်ဆို သက်သာလာနိုင်ပါသည်။
ထို့နောက် မူလကန်ထဲ ပြန်ထားပါ။
စာရေးသူ၏ ငါးနှင့် ဆက်နွယ်သော Link များကို Fish Hub Pin Post တွင် Ko Kyaw Zaw တင်ပေးထားပါသည်။
Hobbyist ဖြစ်ပါသည်။
Professional မဟုတ်ပါ။
ငါးအသစ် ဝယ်လာပါက
Quarantine Tank သီးသန့်တွင် ၁၄ ရက် ထားပြီး
ရောဂါ၊ ကပ်ပါးများ ရှိ/မရှိ စောင့်ကြည့်ပါ။
ပညာပြိုင်ရန် အချိန်မပေးနိုင်ပါ။
စေတနာသန့်သန့်ဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။
Credit- BABA SOE HTUT TIN