Skip to Content

Goldfish အတွက် ပြည်တွင်းမှာ အလွယ်တကူ ရနိုင်တဲ့ သဘာဝ Super Food – ရေဥ (Wolffia globosa)

July 21, 2026 by
Kyaw Zaw Hein



ပြည်တွင်း၌ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး စျေးနှုန်းသက်သာသော Goldfish အစာ တစ်မျိုးမှာ Wolffia globosa (ရေဥ) ဖြစ်ပါသည်။

Wolffia globosa သည် အာဟာရဓာတ် ကြွယ်ဝသော ရေမျောအပင်တစ်မျိုးဖြစ်ပြီး Goldfish နှင့် Koi များအတွက် အလွန်သင့်တော်သော သဘာဝအစာဖြစ်ပါသည်။

Wolffia globosa ၏ အကျိုးကျေးဇူးများ

  • Protein 40% ကျော် ပါဝင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။

  • Amino Acid များ ကြွယ်ဝစွာပါဝင်သဖြင့် ရောဂါဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးသည်။

  • သဘာဝ Carotenoids ပါဝင်သဖြင့် Goldfish ၏ အနီရောင်နှင့် လိမ္မော်ရောင်များကို ပိုမိုတောက်ပစေသည်။

  • Fibre (အမျှင်ဓာတ်) များပြားသောကြောင့် အစာကြေလွယ်ကူစေသည်။

  • Goldfish နှင့် Koi များအတွက် သဘာဝအစာအဖြစ် ပုံမှန်ကျွေးနိုင်သည်။

  • Swim Bladder Disorder (လေစီပေါင်းရောဂါ) ဖြစ်နိုင်ခြေကို လျော့နည်းစေရန် အထောက်အကူပြုနိုင်သည်။

ရေဥ (Wolffia globosa) အကြောင်း

မြန်မာနိုင်ငံ အောင်လံမြို့ အနီးရှိ ရေကန်များတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပြီး ဒေသခံများက စားသုံးကြပါသည်။

ဒေသအခေါ်အဝေါ်မှာ "ရေဥ" ဖြစ်ပြီး အမြစ်မရှိသော Duckweed (ဘဲစာ) မျိုးနွယ်ဝင် အပင်တစ်မျိုး ဖြစ်ပါသည်။

စင်္ကာပူနိုင်ငံတွင် အသုံးပြုပုံ

စင်္ကာပူနိုင်ငံတွင် Goldfish မွေးမြူသူများသည် ပိုးသတ်သန့်စင်ထားသော Wolffia globosa များကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မှာယူ၍ Goldfish များကို အစာအဖြစ် ကျွေးလေ့ရှိကြပါသည်။

Credit- BABA SOE HTUT TIN