Skip to Content

Goldfish Fry Feeding/‌‌ရွှေငါးသားပေါက်အစာကျွေးနည်း

July 21, 2026 by
Kyaw Zaw Hein


ပျင်းတတ်သူ၊ ငွေထိုက်သင့်သလောက် မသုံးမည့်သူ၊ Reason တွေပေးပြီး နေတတ်သူများ

ငါးဖောက်လျှင် စိတ်ညစ်ပါမည်။

ရောဂါဝင်ပြီနော်၊ ဆေးမမီပါ။

Goldfish Fry Feeding အကြောင်း

မနေ့တနေ့ကမှ ဖောက်တဲ့သူတွေ သေချာဖတ်ပါ။

Goldfish Fry ရေကူးတာနဲ့ ကမ္ဘာ့အောင်မြင်တဲ့ Breeder တွေက ၂ နာရီခြားတစ်ခါ Artemia ပေါက် ကျွေးပါသည်။

နည်းနည်းစကျွေးပါ။

ဖန်ခွက်နဲ့ ခပ်ပြီး ဘေးတိုက်ကြည့်ပါ။

ဗိုက်ထဲ အစာရှိနေပြီဆိုရင် ထပ်မကျွေးပါနဲ့။

အစာကျန်ပြီး ရေပုတ်ရင် တစ်ကန်လုံး သေပါသည်။

ရေကို ၂၀% လောက် နေ့တိုင်း လဲပေးပါ။

ပိုးနီ အရှင်သန့်သန့် ထည့်ထားနိုင်လျှင် လူသက်သာပြီး ကန်လည်း သန့်ပါသည်။

Comment တွင် လာမေးပါက မဖြေပါ။

အသက်ကြီးပါပြီ။

Ko Way Phyo Kyaw ကို မေးပါ။

Artemia လည်း ရှိပါသည်။

Moina (ပိုးနီ) ဥ ဝယ်ချင်ရင်

Ko Shan Lay (နေပြည်တော်) ကို မှာပါ။

မလုပ်နိုင်လျှင် မဖောက်ပါနှင့်။

၁၀ တန်း စာမေးပွဲ ဖြေရတာထက် ခက်ပါသည်။Start writing here...