Skip to Content

Brine Shrimp Eggs (Artemia Salina) အကြောင်း တစေ့တစောင်း

July 21, 2026 by
Kyaw Zaw Hein


Artemia Cysts နှင့် Artemia Eggs သည် အတူတူပင်ဖြစ်ပါသည်။

Artemia Eggs အမျိုးအစား (Grades)

Artemia Eggs များတွင် Grade အလိုက် အမျိုးအစားများရှိပါသည်။

  • Platinum Grade

  • Gold Grade

  • Silver Grade

Platinum Grade သည် ဥအခွံပါးအောင် အထူးစီမံထားပြီး Hatch Rate (အကောင်ပေါက်နှုန်း) အမြင့်ဆုံးဖြစ်ကာ ဥခွံအမှိုက်လည်း အနည်းဆုံးဖြစ်ပါသည်။

  • Hatch Rate : Minimum 98%

  • Shell Residue : အနည်းဆုံး

လူသိများပြီး အရည်အသွေးကောင်းသော Brand များထဲတွင် San Francisco Bay Brand သည် ကမ္ဘာတစ်ဝှမ်း လူသုံးများသော Artemia Eggs Brand တစ်ခုဖြစ်ပါသည်။

လိုအပ်သောပစ္စည်းများ

  • Artemia စစ်ဇကာ (Brine Shrimp Net)

  • Battery Air Pump အသုံးပြုသည့် စုပ်တံ (Siphon)

  • Airline Pipe

  • 2 Litre အချိုရည်ဘူး (အောက်ခြေဖြတ်ထားသော)

  • Air Pump

  • Plastic ခွက် (Bottle Stand အဖြစ်အသုံးပြုရန်)

Artemia Hatch ပြုလုပ်နည်း

၁။ ၂ လီတာ ပုလင်းကို ပြောင်းပြန်ထားပြီး Hatchery အဖြစ်အသုံးပြုပါ။

၂။ ရေကို ပုလင်း၏ ၄ ပုံ ၃ ပုံခန့် ထည့်ပါ။

၃။ အိုင်အိုဒင်း (Iodine) မပါသော ဆားကို ထည့်ပါ။

ဆားအချိုး

  • ရေ ၁ လီတာလျှင်

  • ဆား 15–20 ဂရမ်

ရေ၏ pH သည် 8.0 ခန့်ရှိလျှင် ပိုမိုကောင်းမွန်ပါသည်။

၄။ Artemia Eggs ထည့်ပြီး ၁၅ မိနစ်ခန့် စောင့်ပါ။

၅။ ထို့နောက် Air Pump ကို ဖွင့်ပေးပါ။

Air Stone မသုံးသင့်သည့် အကြောင်း

Artemia Hatch ပြုလုပ်ရာတွင် Air Stone မတပ်သင့်ပါ။

အကြောင်းမှာ Air Stone မှ ထွက်သော Bubble များသည် အလွန်သေးငယ်ပြီး Artemia Egg Shell အတွင်း ဝင်ရောက်နိုင်သဖြင့် Eggs များ ပျက်စီးနိုင်ပါသည်။

Airline Pipe ကို တိုက်ရိုက်အသုံးပြု၍ လေအားပေးခြင်းက ပိုမိုသင့်တော်ပါသည်။

Air Pump

Air Pump ကို ၂၄ နာရီ ဆက်တိုက်ဖွင့်ထားပါ။

ထိုသို့လုပ်ပေးခြင်းဖြင့်

  • Eggs များ အောက်တွင် စုပုံမနေဘဲ

  • Bubble များကြောင့် အပေါ်သို့ လှည့်ပတ်တက်လာမည်။

  • Oxygen၊ ရေ၊ Eggs များ ကောင်းစွာ လည်ပတ်နိုင်ပြီး Hatch Rate မြင့်တက်လာပါသည်။

အကောင်ပေါက်ပြီးနောက်

Artemia Nauplii ပေါက်လာပါက

  • Air Pump ကို ပိတ်ပါ။

  • စုပ်တံဖြင့် Artemia များကို စုပ်ယူပါ။

  • Artemia Net ဖြင့် စစ်ပါ။

  • ရေချိုတွင် ၅ မိနစ်ခန့် ဆေးကြောပါ။

  • ထို့နောက် Fish Fry များကို ကျွေးနိုင်ပါသည်။

သိမ်းဆည်းနည်း

Artemia Eggs ကို ဘူးကြီးဖြင့် ဝယ်ယူထားပါက

  • လေအလုံပိတ်အိတ်ဖြင့် ထပ်မံပတ်ထားပါ။

  • ရေခဲသေတ္တာ (အောက်ထပ်) တွင် သိမ်းဆည်းပါ။

စနစ်တကျ သိမ်းဆည်းပါက တစ်နှစ်ကျော် အသုံးပြုနိုင်ပါသည်။

မှတ်ချက်

အရည်အသွေးမြင့် Artemia Eggs များသည် စျေးပိုကြီးသော်လည်း—

  • Hatch Rate ပိုကောင်းသည်။

  • Egg Shell အမှိုက်နည်းသည်။

  • Fish Fry မွေးမြူရာတွင် ရလဒ်ပိုမိုကောင်းမွန်ပါသည်။

Credit- BABA SOE HTUT TIN