Skip to Content

A Brief Guide to Daphnia Culture/ Daphnia (ပိုးနီ) အကြောင်း တစေ့တစောင်း

July 21, 2026 by
Kyaw Zaw Hein



Daphnia သည် Goldfish၊ Koi နှင့် အခြားအလှမွေးငါးများအတွက် အလွန်ကောင်းမွန်သော သဘာဝ Live Food တစ်မျိုးဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် Daphnia မျိုးစိတ်ပေါင်း ၁၅၀ ခန့် ရှိကြောင်း သိရပါသည်။

ရေတွင်

  • ရေစိမ်း (Green Water)

  • Bacteria

  • Fungi

များ လုံလောက်စွာရှိပြီး အန္တရာယ်ရှိသော Chemical များ ကင်းစင်ပါက Daphnia များသည် ကောင်းစွာ ပေါက်ပွားနိုင်ပါသည်။

မျိုးပွားပုံ (Reproduction)

သဘာဝတွင် Daphnia များသည် အများအားဖြင့် Asexual Reproduction (Parthenogenesis) ဖြင့် မိတ်မလိုက်ဘဲ မျိုးပွားကြပါသည်။

  • အမတစ်ကောင်တွင် သားလောင်း ၁၀ ကောင်ခန့် ကို ဝမ်းတွင်းသယ်ဆောင်ထားနိုင်ပါသည်။

  • မွေးပြီး ၄ ရက်ခန့် မှစ၍ ၃ ရက်တစ်ကြိမ် အကောင်လိုက် မွေးဖွားနိုင်ပါသည်။

  • အမတစ်ကောင်သည် သက်တမ်းတစ်လျှောက် ၁၀၀ ကောင်ခန့် အထိ ပေါက်ဖွားနိုင်ပါသည်။

  • ပျမ်းမျှသက်တမ်းမှာ ရက် ၅၀ ခန့် ဖြစ်ပါသည်။

Asexual မျိုးပွားချိန်တွင် ပေါက်လာသော အကောင်များသည် အမများသာ ဖြစ်ပြီး မိခင်နှင့် မျိုးဗီဇတူညီသော (Identical Females) များ ဖြစ်ပါသည်။

အစာရှားပါးခြင်း သို့မဟုတ် ပတ်ဝန်းကျင်အခြေအနေ မကောင်းလာသည့်အခါမှသာ အထီးများ ပေါ်လာပြီး မိတ်လိုက်ကာ Resting Eggs များ ဥချကြပါသည်။

5-Gallon Bucket ဖြင့် မွေးမြူနည်း

Daphnia များကို ၅ ဂါလံပုံး များဖြင့် လွယ်ကူစွာ မွေးမြူနိုင်ပါသည်။

အစာဖျော်နည်း

အောက်ပါပစ္စည်းများကို အသုံးပြုနိုင်ပါသည်။

  • သကြား – ၁ ဇွန်း (Tablespoon)

  • Spirulina Powder – ၁ ဇွန်း (Teaspoon)

  • Yeast – ၁ ဇွန်း (Teaspoon)

ပြုလုပ်နည်း

  1. သကြားကို ရေနွေးပူဖြင့် ဖျော်ပါ။

  2. Spirulina Powder နှင့် Yeast ထည့်ပါ။

  3. မိနစ် ၃၀ ခန့် ထားပါ။

  4. Daphnia စစ်ဇကာဖြင့် စစ်ယူပါ။

  5. စစ်ထားသော အစာရည်ကို ရေခဲသေတ္တာ အောက်ထပ်တွင် သိမ်းထားနိုင်ပါသည်။

အစာကျွေးနည်း

  • အစာရည်ကို ရေနောက်ရုံသာ ကျွေးပါ။

  • ရေပြန်ကြည်လာမှ ထပ်ကျွေးပါ။

  • တစ်ကြိမ်တည်း အများကြီး မကျွေးပါနှင့်။

မွေးမြူနည်း

  • Daphnia ကို ၅ ဂါလံပုံး များဖြင့် မွေးမြူပါ။

  • Air Pump အသုံးပြုပါ။

  • Airstone မတပ်ပါနှင့်။

  • လေပိုက်ကို အလေးချည်၍ ပုံးအောက်ခြေတွင် ထားပေးပါ။

  • ပုံး ၂ ပုံးမှ ၃ ပုံး ခန့် တစ်ပြိုင်နက် မွေးထားခြင်းက ပိုမိုလုံခြုံပါသည်။

  • တစ်ပတ်လျှင် တစ်ကြိမ် ရေလဲပေးပါ။

  • အနည်များလာပါက ရေသစ်၊ ပုံးသစ်ဖြင့် Culture အသစ် ထပ်ပွားပါ။

အတွေ့အကြုံ

စာရေးသူ၏ ပထမဆုံး ဆရာမှာ ကိုရာကောက် ဖြစ်ပြီး Betta နှင့် Daphnia မွေးမြူခြင်းကို လက်တွေ့သင်ကြားပေးခဲ့ပါသည်။

မှတ်ချက်

အစာအလွန်အကျွံ ကျွေးခြင်းကြောင့် ပုံးအတွင်း Ammonia များလာပါက Daphnia များ အစုလိုက်အပြုံလိုက် သေဆုံးနိုင်ပါသည်။

ထို့ကြောင့် -

  • Spare Culture များထားရှိပါ။

  • မျိုးကို အမြဲထိန်းသိမ်းထားပါ။

  • Daphnia အကြီးများကို အရင်ဖမ်း၍ ငါးကျွေးပါ။

Daphnia ၏ သက်တမ်းမှာ ရက် ၅၀ ခန့်သာ ရှိပါသည်။

Credit- BABA SOE HTUT TIN