Skip to Content

Goldfish Popeye Disease ရွှေငါး မျက်စိဖောင်းရောဂါအကြောင်း

July 21, 2026 by
Kyaw Zaw Hein



Goldfish Popeye Disease
ရွှေငါး မျက်စိဖောင်းရောဂါအကြောင်း

ဘဘရေးနေတယ်ဆိုတာ အချိန် 10+ နှစ်ကျော် အတွေ့အကြုံရှိလို့၊ စေတနာနဲ့ မျှဝေပေးတာ ဖြစ်ပါတယ်။

မည်သည့်ဆေးမဆို အသုံးပြုမည်ဆိုပါက ဆေးဆိုင်ကို ရေဂါလံပမာဏတွက်ချက်နည်းနှင့် ဆေးထည့်ရမည့်အချိုးအစား သေချာမေးပြီးမှ အသုံးပြုပါ။

ရေထုထည်တွက်ရာတွင် ကန်၏ အလျား၊ အနံသာမက ရေအမြင့်ပါ ထည့်တွက်ရပါသည်။

ရေထုထည်ကို မမှန်ကန်ဘဲ ဆေးထည့်ပါက ငါးများအတွက် အန္တရာယ်ဖြစ်နိုင်ပါသည်။

တွက်ချက်နည်း

ရေထုထည် (Cubic Inches) ÷ 231 = US Gallons

အများစုသော Aquarium ကုသနည်းများသည် US Gallon အခြေခံဖြင့် တွက်ချက်ထားကြပါသည်။

ဆေးအသုံးပြုရာတွင် -

  • ရေလဲရမည့်အချိန်

  • ဆေးထပ်မံထည့်ရမည့်ပမာဏ

  • ဆေး၏ပြင်းအား

တို့ကို သေချာနားလည်ထားရန် လိုအပ်ပါသည်။

ဆေးကို အလွယ်တကူခန့်မှန်းထည့်ခြင်း၊ တစ်ကြိမ်ထည့်ပြီး စောင့်ကြည့်ရုံဖြင့် ကုသခြင်းများသည် ငါးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

Goldfish Popeye Disease ဆိုတာဘာလဲ?

Goldfish Popeye Disease သည် ငါး၏မျက်စိ ဖောင်းထွက်လာသော အခြေအနေဖြစ်ပြီး များသောအားဖြင့် Internal Infection (ကိုယ်တွင်းပိုးဝင်ခြင်း) ကြောင့် ဖြစ်နိုင်ပါသည်။

အခြေအနေပြင်းထန်ပါက -

  • မျက်စိနာခြင်း

  • မျက်စိပျက်စီးခြင်း

  • မျက်စိကျွတ်ထွက်ခြင်း

တို့ ဖြစ်နိုင်ပါသည်။

ကုသရာတွင် အခြေအနေအလိုက် Antibiotic ဆေးများ (ဥပမာ Tetracycline စသည်) ကို အသုံးပြုရနိုင်ပါသည်။

အရေးကြီးဆုံးမှာ ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် -

  • ရေအရည်အသွေး (Water Quality)

  • Ammonia, Nitrite, Nitrate စစ်ဆေးခြင်း

  • သန့်ရှင်းသောကန်ပတ်ဝန်းကျင်

  • သင့်တော်သောအစာကျွေးခြင်း

တို့ဖြင့် ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုကောင်းမွန်ပါသည်။

Goldfish မွေးမြူရာတွင် ဆေးသုံးစွဲခြင်းထက် ရေစနစ်နှင့် ထိန်းသိမ်းမှုက ပိုအရေးကြီးပါသည်။
Credit- BABA SOE HTUT TIN