Skip to Content

ELODEA DENSA ခေါ် ရေမြက် အသုံးဝင်ပုံ

July 21, 2026 by
Kyaw Zaw Hein


Elodea Densa (ရေမြက်) သည် Goldfish Breeding နှင့် Infusoria မွေးမြူရာတွင် အသုံးဝင်သော ရေအောက်အပင်တစ်မျိုး ဖြစ်ပါသည်။

Goldfish Breeding တွင် အသုံးပြုပုံ

Elodea Densa ၏

Crest (အပင်ထိပ်ဖျားပိုင်း) များကို -

  • အပင် ၂၀ ခန့် စုကိုင်ပါ။

  • အလျား ၇ လက်မခန့် ညီညီ ဖြတ်ပါ။

  • အောက်ခြေကို သားရေကွင်းဖြင့် စုချည်ပါ။

  • ရေအောက်တွင် နစ်မြုပ်စေရန် ကျောက်ပြားနှင့် ချည်ထားပါ။

Goldfish ဖောက်ရာတွင် လိုအပ်သည့် ပမာဏအတိုင်း အသုံးပြုနိုင်ပါသည်။

အပင်များ များများအသုံးပြုခြင်းဖြင့် ငါးဥများကပ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေနိုင်ပါသည်။

Infusoria မွေးမြူရာတွင် အသုံးပြုပုံ

ဖြတ်ပြီး ပိုလျှံသော Elodea Densa အပင်များကို -

  • နေလှန်း၍ ခြောက်အောင်ထားပါ။

  • Infusoria မွေးမြူရာတွင် အသုံးပြုနိုင်ပါသည်။

လက်တွေ့စမ်းသပ်မှုအရ ဆလပ်ရွက် (Lettuce) အစား အသုံးပြုနိုင်ပြီး ရေကို ပုပ်ညစ်မှု နည်းစေကာ ထိရောက်စွာ အသုံးပြုနိုင်ပါသည်။

မှတ်ချက်

Betta Breeder များအနေဖြင့်လည်း ဤနည်းလမ်းကို လေ့လာအသုံးပြုနိုင်ပါသည်။

စာတွေ့ဗဟုသုတသာမက လက်တွေ့အတွေ့အကြုံဖြင့် လေ့လာခြင်းသည် အရေးကြီးပါသည်။

Credit / Reference

ကိုကိုး (Ko Ko Gyi)

Phyo Si Thu

Phyo Min Khant

ဘုန်းဘုန်း Phyo Tint Naing

ကို Chit Yee Soe

Kyaw Kyaw Tun

Ei Sway
BABA SOE HTUT TIN