Skip to Content

Argulus & Anchor Worm — အန္တရာယ်ရှိသော ငါးကပ်ပါးများအကြောင်း

July 21, 2026 by
Kyaw Zaw Hein


Argulus (Fish Louse) ကို မြန်မာလို ရေသန်း ဟုခေါ်ကြပြီး၊

Anchor Worm ကို ကျောက်ဆူးသန် ဟု ခေါ်နိုင်ပါသည်။

(Anchor = ကျောက်ဆူး၊ Worm = သန်)

၎င်းတို့သည် နှစ်မျိုးလုံး ကပ်ပါးကောင်များ (Parasites) ဖြစ်ကြပြီး မျိုးပွားနှုန်း အလွန်မြန်ဆန်ပါသည်။

Anchor Worm အကြောင်း

  • Anchor Worm အမသည် ငါးကိုယ်ပေါ်တွင် တွယ်ကပ်ပြီး အာဟာရစုပ်ယူစားသုံးပါသည်။

  • ငါးတစ်ကောင်မှ တစ်ကောင်သို့ ပြောင်းရွှေ့ကပ်နိုင်ပါသည်။

  • အမ Anchor Worm သည် အရွယ်ရောက်ပြီးနောက် ၂၅ ရက်ခန့်အထိ ဥချနိုင်ပါသည်။

  • အထီး Anchor Worm များသည် အရွယ်ရောက်ပြီးနောက် ၂၄ နာရီခန့်သာ အသက်ရှင်နိုင်ပါသည်။

ငါးကန်၊ Filter နှင့် ကန်အတွင်းရှိပစ္စည်းများအားလုံးသို့ ပျံ့နှံ့နိုင်သောကြောင့် အလွန်ဂရုစိုက်ရန် လိုအပ်ပါသည်။

ကပ်ပါးတွေ့ရှိပါက

Argulus သို့မဟုတ် Anchor Worm တွေ့ပါက—

  • အချိန်မဆိုင်းဘဲ ကုသပါ။

  • ကန်အတွင်းရှိ ပစ္စည်းများကို သန့်ရှင်းပါ။

  • နေပူတွင် ခြောက်အောင် လှန်းပါ။

သတိပြုရန်

ကပ်ပါးကောင်များကို လက်ဖြင့် ဆွဲဖြုတ်ခြင်း၊ ဇာကွန်ဖြင့် အတင်းဆွဲခြင်း မပြုလုပ်ပါနှင့်။

ငါး၏ အရေပြားနှင့် အကြေးခွံများ ထိခိုက်ဒဏ်ရာရနိုင်ပါသည်။

ကုသနည်း (၁)

Sites အသုံးပြုနည်း

  • ရေ 100 Litres လျှင် Sites 1 gram

  • ထည့်ပြီး 48 hours ထားပါ။

  • ထို့နောက် ရေ 100 Litres လျှင် Sites 1 gram ထပ်မံထည့်ပါ။

အသုံးပြုနေစဉ်—

  • Air Stone ဖြင့် လေဖြည့်ပေးပါ။

  • ရေမလဲပါနှင့်။

  • Filter မထားပါနှင့်။

ကုသနည်း (၂)

Potassium Permanganate (PP) အသုံးပြုနည်း

  • ရေ 1000 Litres လျှင် 1–2 grams

  • အချိုးကျ ထည့်ပါ။

  • Air Stone ဖြင့် လေဖြည့်ပေးပါ။

48 hours အကြာ

  • ရေတစ်ဝက်ခန့် လဲပါ။

  • Potassium Permanganate ကို အချိုးကျ ပြန်ထည့်ပါ။

နောက်ထပ် 48 hours ကြာလျှင် ရေသန့်ကို ဖြည်းဖြည်းချင်း လဲပေးပါ။

အရေးကြီးသော သတိပေးချက်

Potassium Permanganate သည် အာနိသင်ပြင်းသော ဓာတုပစ္စည်းဖြစ်သောကြောင့် ပမာဏလွန်ကဲစွာ အသုံးမပြုပါနှင့်။

အချိုးအစားမှားယွင်းပါက ငါးများကို ထိခိုက်စေနိုင်ပါသည်။

ကုသရာတွင်—

✅ ကန်အရွယ်အစား လုံလောက်စွာ အသုံးပြုပါ။

✅ ဇလုံသေးများတွင် ငါးကို ကြာရှည်စွာ မထားပါနှင့်။

✅ Oxygen လုံလောက်အောင် ပေးပါ။

နည်းလမ်းနှစ်မျိုးလုံးသည် မှန်ကန်သော အချိုးအစားဖြင့် အသုံးပြုပါက ထိရောက်နိုင်ပါသည်။

ရေပမာဏတွက်နည်း

1 US Gallon ≈ 3.8 Litres

ကန်ရေပမာဏတွက်ရန်—

အလျား (လက်မ) × အနံ (လက်မ) × ရေအမြင့် (လက်မ)

ရရှိသော Cubic Inches ကို

231 ဖြင့်စားပါက US Gallon ရရှိပါသည်။

Credit: Google

Foot Note: ကန်ရေပမာဏကို မှန်ကန်စွာတွက်ပြီး ဆေးအချိုးအစားကို သေချာလိုက်နာပါ။

Credit- BABA SOE HTUT TIN