Goldfish အစာမစားခြင်း၊ ငြိမ်နေခြင်း ဖြစ်လာလျှင်
အကြောင်းမသိဘဲ Goldfish သည် ရေသန်း (Parasite) မရှိဘဲ ငြိမ်နေပြီး အစာမစားတော့ပါက ရောဂါစတင်ဝင်လာနိုင်ပါသည်။
ထိုအချိန်တွင် -
အစာကျန်များလာခြင်း
ရေညစ်ပတ်ခြင်း
Filter ညစ်ပတ်ခြင်း
Ammonia
Nitrite
Nitrate
Carbon Dioxide
စသော အရာများ ရေထဲတွင် များလာနိုင်ပါသည်။
2% Salt Bath (ချွဲထုတ်ခြင်း)
Aquarium Salt ကို အသုံးပြုပါ။
(ငါးဆိုင်များတွင် မေးဝယ်နိုင်ပါသည်)
မရှိပါက ဆားကြမ်းကို အသုံးပြုနိုင်ပါသည်။
အချိုး
ရေ ၁ လီတာလျှင် ဆား ၂၀ gram
(လက်ဖက်ရည်ဇွန်း ၄ ဇွန်းခန့်)
ဇလုံကျယ်ကျယ်ထဲတွင် ရောပြီး Air Pump ဖြင့် လေပြင်းပြင်းပေးပါ။
ငါးကို -
၃ မိနစ်မှ ၅ မိနစ်ခန့် စိမ်ပါ။
၃ ရက်တစ်ကြိမ်
စုစုပေါင်း ၃ ကြိမ်ခန့် ပြုလုပ်နိုင်ပါသည်။
သတိပြုရန်
အချိန်ကို သေချာကြည့်ပါ။
ငါးစောင်းသွားပါက ချက်ချင်း မူလကန်ရေထဲ ပြန်ထည့်ပါ။
0.5% Salt Treatment
အပေါ်ပါ Salt Bath ပြုလုပ်ပြီးနောက် -
ရေ ၁ လီတာလျှင်
Aquarium Salt ၅ gram
(လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်)
ထည့်ထားသော ကန်ထဲတွင် Yellow Powder ကို သတ်မှတ်ထားသော Dosage အတိုင်း ထည့်ပါ။
ကုသချိန်
တစ်ပတ်ခန့် ထားပါ။
ငါးနေကောင်းလာသော်လည်း တစ်ပတ်ပြည့်အောင် ဆက်ထားနိုင်ပါသည်။
ရေပြောင်းခြင်း
နေ့စဉ် ရေတစ်ဝက်ခန့် လဲပါ။
လဲသောရေအတွက် ဆားကို အချိုးကျ ပြန်ထည့်ပါ။
Yellow Powder ကိုလည်း သတ်မှတ်ထားသော အချိုးအတိုင်း ပြန်ဖြည့်ပါ။
Yellow Powder အသုံးပြုနိုင်သော ရောဂါများ
Yellow Powder သည် -
ငါးကိုယ်ပြင် Bacteria များ
ကိုယ်တွင်း Bacteria များ
အစာအိမ်အတွင်း Bacteria များ
Fin Rot
Gill Rot
အနုစား Dropsy
စသည့် ပြဿနာများတွင် အသုံးပြုကြပါသည်။
မှတ်ချက်
ငါးကုသရာတွင် ဆေးပမာဏ (Dosage) နှင့် ကုသချိန် (Course) ကို မှန်ကန်စွာ လိုက်နာရန် အရေးကြီးပါသည်။
Water Quality ကောင်းမွန်ခြင်း၊
Ammonia / Nitrite / Nitrate ထိန်းချုပ်ခြင်း၊
သန့်ရှင်းသော Filter System နှင့် မှန်ကန်သော အစာကျွေးမှုတို့သည် ရောဂါကာကွယ်ရာတွင် အရေးကြီးဆုံးအချက်များ ဖြစ်ပါသည်။
Credit- BABA SOE HTUT TIN