Skip to Content

AMMONIA, NITRITE, NITRATE နှင့် Aquarium Plants များ၏ အရေးပါမှု

July 21, 2026 by
Kyaw Zaw Hein


ငါးများမစားဘဲ ကျန်နေသောအစာများ၊ ငါးမစင်များနှင့် ပုပ်ဆွေးနေသော အပင်အကြွင်းအကျန်များသည် ရေထဲတွင် Ammonia ကို ဖြစ်ပေါ်စေပါသည်။

Aquarium Filter အတွင်းရှိ အကျိုးပြု Nitrifying Bacteria များက -

Ammonia → Nitrite → Nitrate

အဖြစ် အဆင့်ဆင့် ပြောင်းလဲပေးပါသည်။

  • Ammonia ကို Bacteria များက Nitrite အဖြစ် ပြောင်းပေးသည်။

  • ထို Nitrite ကို ဆက်လက်၍ Nitrate အဖြစ် ပြောင်းပေးသည်။

  • Nitrate သည် ရေထဲနှင့် Filter system အတွင်း ဆက်လက်စုဆောင်းလာနိုင်ပါသည်။

Nitrate ပမာဏသည် 50 mg/L (ppm) ထက် များလာပါက ငါးများအတွက် Stress ဖြစ်စေနိုင်ပြီး ရေညှိများလည်း ပိုမိုပေါက်ပွားလာနိုင်ပါသည်။

Nitrate ထိန်းချုပ်ရန် နည်းလမ်းများ

  • အပတ်စဉ် ရေ 15% မှ 20% ခန့် ပုံမှန်လဲပေးပါ။

  • Aquarium Plants များ စိုက်ပျိုးပေးပါ။

  • သင့်တော်သော Filter system အသုံးပြုပါ။

ထို့ကြောင့် Aquarium များတွင် Filter နှင့် Aquatic Plants များကို တွဲဖက်အသုံးပြုခြင်းဖြင့် ရေအရည်အသွေးကို ထိန်းသိမ်းနိုင်ပါသည်။

Goldfish အတွက် အထူးဂရုပြုရန်

Goldfish များသည် အညစ်အကြေးပိုမိုထွက်ရှိသော ငါးများဖြစ်သောကြောင့် -

  • ပိုကျယ်သောကန်

  • လည်ပတ်မှုကောင်းသော Filter system

  • ငါးအရေအတွက်နှင့် ကိုက်ညီသော ရေလဲစနစ်

တို့ လိုအပ်ပါသည်။

Nitrate Level ကို အမြဲစောင့်ကြည့်ပါ။ Aquarium ထဲရှိ Nitrate ပမာဏကို Test Kit ဖြင့် တိုင်းတာထားသင့်ပါသည်။

Nitrate များလာပါက အလွယ်ဆုံးနှင့် အထိရောက်ဆုံး ဖြေရှင်းနည်းမှာ ရေလဲပေးခြင်း ဖြစ်ပါသည်။

(ဘာသာပြန်/ပြန်လည်စီစဉ် — Sera Guide အခြေခံ)