Skip to Content

𝘽𝙀𝙏𝙏𝘼 𝘽𝙍𝙀𝙀𝘿𝙄𝙉𝙂 𝙂𝙐𝙄𝘿𝙀/တိုက်ငါးသားဖောက်ခြင်း လမ်းညွှန် (Latest Edition)

July 21, 2026 by
Kyaw Zaw Hein



ငုံးဥနှင့် Artemia ကျွေးရမည့် ပမာဏကို Update ပြုလုပ်ထားပါသည်။

အောက်ပါအတိုင်း လိုက်နာကျွေးမွေးပါက ရေမပုတ်တော့ပါ။

━━━━━━━━━━━━━━━━━━

🐠 ❶ Breeding Betta (သားဖောက်ခြင်း)

• Betta ကို 12 Weeks အရွယ်တွင် သားစတင်ဖောက်နိုင်ပါသည်။

20–30 Weeks အရွယ်တွင် အရည်အသွေး (Quality) အထင်ရှားဆုံးဖြစ်လာသဖြင့် အကောင်းဆုံး Parent Fish များကိုသာ ရွေးချယ်ဖောက်ပါ။

🥩 Parent Fish Feeding

• ရေသန့်သန့်တွင် မွေးမြူပါ။

• Frozen Blood Worms ကို တစ်နေ့ (၃) ကြိမ် ဝအောင်ကျွေးပါ။

💙 Ready to Breed

✔️ အထီးသည် Bubble Nest ပြုလုပ်တတ်သည်။

✔️ အမသည် ဗိုက်လုံးဝန်းလာပြီး Egg Tube (ဥပြွန်) အဖြူလေး ထွက်လာပါက ဥဥရန် အသင့်ဖြစ်နေပါပြီ။

✔️ အထီး၊ အမ အရွယ်တူဖြစ်ရန်လိုသည်။

🌡️ Best Temperature — 27°C ~ 28°C

🏠 Breeding Tank Setup

• Tank Size — 2ft × 8in × 8in

• Water Height — 4 inches

• Tank Corner တွင် Plastic Sheet (သို့) ဖယောင်းစက္ကူ ၁ လက်မခန့် ထည့်ပေးပြီး Bubble Nest ပြုလုပ်နိုင်ရန် စီစဉ်ပါ။

• Tank ကို Cardboard၊ မှန်၊ ကျောက်ပြားတို့ဖြင့် အပြည့်ဖုံးထားပြီး လေဝင်လေထွက် အနည်းငယ်ရှိစေရန် ပြုလုပ်ပါ။

🐟 Pairing
  1. အထီးကို Breeding Tank ထဲ ထည့်ပါ။

  2. Bubble Nest ပြုလုပ်နေစဉ် အမထားသော Tank ကို အထီးမြင်နိုင်အောင် ဘေးတွင်ထားပါ။

  3. နံနက်စောစော အမကို Breeding Tank ထဲသို့ လွှတ်ပါ။

🥚 Spawning

• Betta သဘာဝအတိုင်း ဥဥချိန်တွင် ဥများကို အထီးက အသိုက်ထဲသို့ ပါးစပ်ဖြင့် ငုံတင်ပေးပြီး၊ တစ်ခါတစ်ရံ အမလည်း ကူညီတင်ပေးတတ်ပါသည်။

• ဥဥပြီးသည်နှင့် အထီးက အမကို အသိုက်မှ ဝေးရာသို့ နှင်ထုတ်မည်ဖြစ်သဖြင့် အမကို ချက်ချင်းဖယ်ရှားပါ။

💊 Female Recovery

• Acriflavine ဆေးစိမ်ပါ။

• ပုံမှန်အစာကျွေးပါ။

၂ ပတ် ခန့်အကြာတွင် ထပ်မံသားဖောက်နိုင်ပါသည်။

🔒 Tank အဖုံးကို ဆက်လက်ဖုံးထားပါ။

━━━━━━━━━━━━━━━━━━

🐣 ❷ Raising Betta Fry (ငါးပေါက်များပြုစုခြင်း)

⏳ Hatching

27°C တွင် ဥဥပြီး 36 Hours အကြာ Fry ပေါက်ပါသည်။

• အစပိုင်းတွင် ရေမကူးနိုင်သေးပါ။

48 Hours အကြာမှ ရေစတင်ကူးပါသည်။

ထိုအချိန်တွင်...

✔️ အထီးကိုထုတ်ပါ။

✔️ Acriflavine ဆေးစိမ်ပြီး ပုံမှန်အစာကျွေးပါ။

━━━━━━━━━━━━━━━━━━

🍳 First Food

ငုံးဥအကြက်ပြုတ် အနှစ်ကို...

• မီးခြစ်ဆံခေါင်းအရွယ်ခန့် ယူပါ။

• ပိတ်ပါးပါးဖြင့် စစ်ပြီး

• ရေတစ်ဖန်ခွက်တွင် ဖျော်ပါ။

မနက် / ည (၂) ကြိမ် ကျွေးပါ။

👀 Feeding Check

အစာကျွေးပြီး Fry များကို ဘေးတိုက်ကြည့်ပါ။

✔️ ဗိုက်ထဲတွင် ငုံးဥအဝါရောင်တွေ့ရပါမည်။

✔️ အစာကုန်သွားမှသာ ထပ်ကျွေးပါ။

⚠️ တစ်နေ့ ၄ ကြိမ်ထက် မပိုစေဘဲ ချင့်ချိန်ကျွေးပါ။

━━━━━━━━━━━━━━━━━━

🌱 After 3 Days

• Biofoam Filter စတင်အသုံးပြုပါ။

• ငုံးဥကို ၃ ရက် ကျွေးပါ။

• Nana Baby Betta Feed ကို မီးခြစ်ဆံခေါင်းခန့် တစ်နေ့ (၂) ကြိမ် ကျွေးနိုင်ပါသည်။

━━━━━━━━━━━━━━━━━━

🦐 Artemia Feeding

• Artemia ပေါက် ၁ ရက်သား ကို Fry ၇ ရက်သား ရှိမှ စတင်ကျွေးပါ။

• အစာကျွေးချိန်တွင် Air Pump ကို မိနစ် ၃၀ ခန့် ပိတ်ထားပါ။

💡 Uncle Method

Artemia အစား Daphnia (ရေပိုးနီ) ကိုလည်း Fry ၇ ရက်သား မှ စတင်ကျွေးနိုင်ပါသည်။

Fry များ ရေတီ (Water Flea) ကို ဆွဲစားနိုင်ပါက စိတ်ချရပါပြီ။

━━━━━━━━━━━━━━━━━━

💧 Water Management

💦 ရေကို 30% စီ ၃ ရက်တစ်ကြိမ် လဲပေးပါ။

Fry များ ၇ ရက်သား အရွယ်မှစ၍ လေထုထဲမှ လေရှူနိုင်လာပါသည်။

ထို့ကြောင့်...

• ရေမျက်နှာပြင်ပေါ်ရှိ Scum (ဖုံ) များကို

• စက္ကူပါးပါးဖြင့် ညင်သာစွာ ဆွဲရှင်းပေးပါ။

🔒 ငါးကန်ကို အမြဲဖုံးထားပါ။

━━━━━━━━━━━━━━━━━━

✨ Best of Luck!

— Soe Htut Tin

.