ငုံးဥနှင့် Artemia ကျွေးရမည့် ပမာဏကို Update ပြုလုပ်ထားပါသည်။
အောက်ပါအတိုင်း လိုက်နာကျွေးမွေးပါက ရေမပုတ်တော့ပါ။
━━━━━━━━━━━━━━━━━━
🐠 ❶ Breeding Betta (သားဖောက်ခြင်း)
• Betta ကို 12 Weeks အရွယ်တွင် သားစတင်ဖောက်နိုင်ပါသည်။
• 20–30 Weeks အရွယ်တွင် အရည်အသွေး (Quality) အထင်ရှားဆုံးဖြစ်လာသဖြင့် အကောင်းဆုံး Parent Fish များကိုသာ ရွေးချယ်ဖောက်ပါ။
🥩 Parent Fish Feeding
• ရေသန့်သန့်တွင် မွေးမြူပါ။
• Frozen Blood Worms ကို တစ်နေ့ (၃) ကြိမ် ဝအောင်ကျွေးပါ။
💙 Ready to Breed
✔️ အထီးသည် Bubble Nest ပြုလုပ်တတ်သည်။
✔️ အမသည် ဗိုက်လုံးဝန်းလာပြီး Egg Tube (ဥပြွန်) အဖြူလေး ထွက်လာပါက ဥဥရန် အသင့်ဖြစ်နေပါပြီ။
✔️ အထီး၊ အမ အရွယ်တူဖြစ်ရန်လိုသည်။
🌡️ Best Temperature — 27°C ~ 28°C
🏠 Breeding Tank Setup
• Tank Size — 2ft × 8in × 8in
• Water Height — 4 inches
• Tank Corner တွင် Plastic Sheet (သို့) ဖယောင်းစက္ကူ ၁ လက်မခန့် ထည့်ပေးပြီး Bubble Nest ပြုလုပ်နိုင်ရန် စီစဉ်ပါ။
• Tank ကို Cardboard၊ မှန်၊ ကျောက်ပြားတို့ဖြင့် အပြည့်ဖုံးထားပြီး လေဝင်လေထွက် အနည်းငယ်ရှိစေရန် ပြုလုပ်ပါ။
🐟 Pairing
အထီးကို Breeding Tank ထဲ ထည့်ပါ။
Bubble Nest ပြုလုပ်နေစဉ် အမထားသော Tank ကို အထီးမြင်နိုင်အောင် ဘေးတွင်ထားပါ။
နံနက်စောစော အမကို Breeding Tank ထဲသို့ လွှတ်ပါ။
🥚 Spawning
• Betta သဘာဝအတိုင်း ဥဥချိန်တွင် ဥများကို အထီးက အသိုက်ထဲသို့ ပါးစပ်ဖြင့် ငုံတင်ပေးပြီး၊ တစ်ခါတစ်ရံ အမလည်း ကူညီတင်ပေးတတ်ပါသည်။
• ဥဥပြီးသည်နှင့် အထီးက အမကို အသိုက်မှ ဝေးရာသို့ နှင်ထုတ်မည်ဖြစ်သဖြင့် အမကို ချက်ချင်းဖယ်ရှားပါ။
💊 Female Recovery
• Acriflavine ဆေးစိမ်ပါ။
• ပုံမှန်အစာကျွေးပါ။
• ၂ ပတ် ခန့်အကြာတွင် ထပ်မံသားဖောက်နိုင်ပါသည်။
🔒 Tank အဖုံးကို ဆက်လက်ဖုံးထားပါ။
━━━━━━━━━━━━━━━━━━
🐣 ❷ Raising Betta Fry (ငါးပေါက်များပြုစုခြင်း)
⏳ Hatching
• 27°C တွင် ဥဥပြီး 36 Hours အကြာ Fry ပေါက်ပါသည်။
• အစပိုင်းတွင် ရေမကူးနိုင်သေးပါ။
• 48 Hours အကြာမှ ရေစတင်ကူးပါသည်။
ထိုအချိန်တွင်...
✔️ အထီးကိုထုတ်ပါ။
✔️ Acriflavine ဆေးစိမ်ပြီး ပုံမှန်အစာကျွေးပါ။
━━━━━━━━━━━━━━━━━━
🍳 First Food
ငုံးဥအကြက်ပြုတ် အနှစ်ကို...
• မီးခြစ်ဆံခေါင်းအရွယ်ခန့် ယူပါ။
• ပိတ်ပါးပါးဖြင့် စစ်ပြီး
• ရေတစ်ဖန်ခွက်တွင် ဖျော်ပါ။
• မနက် / ည (၂) ကြိမ် ကျွေးပါ။
👀 Feeding Check
အစာကျွေးပြီး Fry များကို ဘေးတိုက်ကြည့်ပါ။
✔️ ဗိုက်ထဲတွင် ငုံးဥအဝါရောင်တွေ့ရပါမည်။
✔️ အစာကုန်သွားမှသာ ထပ်ကျွေးပါ။
⚠️ တစ်နေ့ ၄ ကြိမ်ထက် မပိုစေဘဲ ချင့်ချိန်ကျွေးပါ။
━━━━━━━━━━━━━━━━━━
🌱 After 3 Days
• Biofoam Filter စတင်အသုံးပြုပါ။
• ငုံးဥကို ၃ ရက် ကျွေးပါ။
• Nana Baby Betta Feed ကို မီးခြစ်ဆံခေါင်းခန့် တစ်နေ့ (၂) ကြိမ် ကျွေးနိုင်ပါသည်။
━━━━━━━━━━━━━━━━━━
🦐 Artemia Feeding
• Artemia ပေါက် ၁ ရက်သား ကို Fry ၇ ရက်သား ရှိမှ စတင်ကျွေးပါ။
• အစာကျွေးချိန်တွင် Air Pump ကို မိနစ် ၃၀ ခန့် ပိတ်ထားပါ။
💡 Uncle Method
Artemia အစား Daphnia (ရေပိုးနီ) ကိုလည်း Fry ၇ ရက်သား မှ စတင်ကျွေးနိုင်ပါသည်။
Fry များ ရေတီ (Water Flea) ကို ဆွဲစားနိုင်ပါက စိတ်ချရပါပြီ။
━━━━━━━━━━━━━━━━━━
💧 Water Management
💦 ရေကို 30% စီ ၃ ရက်တစ်ကြိမ် လဲပေးပါ။
Fry များ ၇ ရက်သား အရွယ်မှစ၍ လေထုထဲမှ လေရှူနိုင်လာပါသည်။
ထို့ကြောင့်...
• ရေမျက်နှာပြင်ပေါ်ရှိ Scum (ဖုံ) များကို
• စက္ကူပါးပါးဖြင့် ညင်သာစွာ ဆွဲရှင်းပေးပါ။
🔒 ငါးကန်ကို အမြဲဖုံးထားပါ။
━━━━━━━━━━━━━━━━━━
✨ Best of Luck!
— Soe Htut Tin
.